Part 28

874 89 4
                                    

အိပ်ရေးပျက်ပြီး အတော်လေးပင်ပန်းနေတာမို့ ဂျွန်မြောင် ပုံမှန်ထနေကျအချိန်ပင် မထနိုင်တော့။

ဂျွန်မြောင်မထချင်ပေမယ့် အစာအိမ်က တဂွီဂွီနဲ့ အချက်ပြနေတာမို့ မျက်လုံးတို့ကို အားယူဖွင့်ပြီး နာရီကြည့်တော့ ဆယ်နာရီကျော်ကျော်...

နည်းနည်းလှုပ်တာနဲ့ပင် ခါးအောက်ပိုင်းက နာလာသည်။ ညကအဖြစ်အပျက်များကို မြင်ယောင်ပြီး ဂျွန်မြောင်အော်ပါငိုချင်သွားရသည်။ သူ့ဘက်က စတောင်းဆိုတဲ့ အပြင် အကျယ်ကြီး အော်ညည်းမိလိုက်သေးသည်။

ကိုယ်ပေါ်မှာက ဖဲသားညဝတ်အင်္ကျီအညိုရောင်က စနစ်တကျမို့ ညက ရီရှင်းဝတ်ပေးမှန်း သိလိုက်ရသည်။ ဒါနဲ့ သူ့ယောက်ျားရီရှင်းက ဘယ်မှာ...

ကျွီ!!!

" ဟော နိုးနေပြီလား ကိုယ်က လာနှိုးတော့မလို့ "

အချိန်ကိုက် ဝင်လာသူက လက်ထဲမှာ ပန်းကန်းတစ်လုံးနှင့်။ ဘာမှန်းမသိတဲ့ ဟင်းအမယ်ဆီမှ အနံ့မွှေးမွှေးကြောင့် ဗိုက်ကမခံမရပ်နိုင်အောင် ဆာလာတော့သည်။

ပါးနှစ်ဖက်ကို တရှုံ့ရှုံ့လိုက်နမ်းတော့ မကြည်သလို ကြည့်လာသည့် ကောင်လေး

" နာနေသေးတယ်မလား "

ထိုစကားအဆုံးမှာတော့ ဂျွန်မြောင် မျက်နှာကြီးအနီရောင်လွှမ်းသွားပြန်တော့သည်။

စောစောစီးစီး ရှက်ဖို့ကောင်းအောင်

" လာ ကိုယ့်ကလေးလေး မျက်နှာသစ်ရအောင် "

" အဲ မချီနဲ့လေ အဲ့ "

စွေ့ခနဲကောက်ပွေ့တော့လည်း ဂျွန်မြောင်က လက်မောင်းတွေကြားမှာ အံဝင်ခွင်ကျ

မျက်နှာသစ် သွားတိုက်ခြင်းအမှုပြီးတော့ ဆန်ပြုတ်နွေးနွေးလေးက အဆင်သင့်ပင်။ အပြင်အဆင်နှင့်အရသာအရ ရီရှင်းကိုယ်တိုင် ချက်လာခြင်းပင်။

Reason Is YouWhere stories live. Discover now