Part 11 ရှောင်ဖေးနှင့် ဝမ်ရိပေါ်ရဲ့မယားလေး/ရှောင်ဖေးနှင့် ဝမ်ရိပေါ်ရဲ့မယားလေး

13.1K 1.3K 49
                                    

ZawGyi

သူ၏အရှေ့မှ အရွယ်နှင့်မလိုက်စွာ စကားပြောနေသည့်ကလေးမအား

"အင်း..ထားပါတော့ နင်ပြောသလို မိဖုရားဖြစ်လာပီပဲ...ဒါမှမဟုတ် ဟိုလူယု..အဲ..အိမ်ရှေ့စံကသဘောကျပါပီတဲ့..ပီးတော့ရော ဘာဆက်လုပ်လို့ရမှာမို့လို့လဲ?"

"အားလုံးထက်မြင့်တဲ့နေရာကိုရောက်သွားပီလေ။ တစ်နည်းပြောရရင် အားလုံးကို ကိုယ့်အောက်မှာထားလို့ရပီ။ အဲလိုလုပ်ဖို့ အတွက်အာဏာလိုအပ်တယ်"

"အဲ့ဒါနဲ့ပဲ ကျန်ရှိနေတဲ့ကိုယ့်ရဲ့ဘဝကို အနောက်ဆောင်ထဲမှာပဲနေပီး ဘယ်တော့ကိုယ့်ဆီကိုလာမယ်မှန်းမသိတဲ့လူကို ထိုင်စောင့်နေပီးတော့နေမယ်ပေါ့။ နောက်ပီး အခုလိုအများကြီး လေ့လာထားတာကလည်း ကိုယ့်အတွက်မဟုတ်ဘဲ၊ ကိုယ်တိုင်ကိုက သဘောကျပီး လိုချင်လို့မဟုတ်ဘဲ သူများကိုချဉ်းကပ်ချင်လို့ပေါ့"

အမှန်တော့ ရှောင်ကျန့်လေးမှာ ထိုကလေးမကို အရှုံမပေးချင်သဖြင့် ပြောသာပြောလိုက်ရသည်။ သူပြောနေသည့်စကား၏ အဓိပ္ပါယ်ကိုပင် သူသေချာစွာမသိပင်....ယခုပြောနေသည့် စကားများသည် သူကြည့်နေကျ ပြဇာတ်တွေထဲမှ စကားများကိုယူသုံးလိုက်ခြင်းပင်ဖြစ်သည်။ ကျိုးနိုင်ငံကဲ့သို့ တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးသည့်နိုင်ငံမှာ အနောက်ဆောင်ဆိုပီးတစ်သီးတစ်သန့်ရှိမနေချေ။ သို့သော်ငြား သူကြည့်ခဲ့ဖူးသည့် အနယ်နယ်အရပ်ရပ်မှ လာပြသော ပြဇာတ်များထဲတွင်တော့ အနောက်ဆောင်ထဲတွင်တစ်ကိုယ်တည်း ရှင်ဘုရင်အားစောင့်မျှော်ရင်းနှင့်ပင် အသက်ကြီးသွားရသည့် မိဖုရားများ နှင့် ရှင်ဘုရင်၏မျက်နှာကိုတောင်မြင်တွေ့ခွင့်မရလိုက်ကြသည့် မောင်းမမိဿံတို့၏အကြောင်းများကို မကြာခဏကြည့်ခဲ့ရသဖြင့် နားရည်ဝနေခြင်းသာဖြစ်သည်။ စိတ်ထဲတွင်လည်း မိမိကိုယ်ကိုဂုဏ်ပင်ယူမိသွားသေး

'ဟဲ့..ကလေးမ..ငါ့ကိုနိုင်အောင်ပြောစမ်း...ကျန့်ကျန့်တဲ့ နှစ်ကျန့်တည်းရှိတယ်...ဘာမှတ်နေလဲ....ဟုတ်တယ်လေ တစ်ကျန့်တည်းလို့ပြောရအောင် သူ့နာမည်က နှစ်ကျန့်ဖြစ်နေတာမို့..လာမပြောကြနဲ့ နှစ်ကျန့်ပဲ'

Except You Where stories live. Discover now