ZawGyi
ညသန်းခေါင်ယံအချိန်သို့ရောက်သည့်အခါတွင်တော့ ဝမ်ရိပေါ်မှာ ရှောင်ကျန့်နေထိုင်သည့်အဆောင်သို့သွားသောအခါ ထိုင်ခုံပေါ်တွင်ထိုက်လျှက်အနေအထားဖြင့် စားပွဲပေါ်ခေါင်းတင်ကာ အိပ်ပျော်နေသည့် ကလေးပေါက်ကိုတွေ့လိုက်ရသဖြင့် လှုပ်ကာနှိုးလိုက်လေသည်။
"ကျန့်ကျန့်..ကျန့်ကျန့်"
"ဟင်...အင်း.. သွားတော့မှာလား အိမ်ရှေစံကြီး"
"အင်း..လာ ကိုယ်တော့်အနောက်ကလိုက်ခဲ့"
ရှောင်ကျန့်၏အရှေ့တွင် အကာအကွယ်ယူပေးကာ ဝမ်ရိပေါ်မှာ ယွီပင်းတို့နှင့် ချိန်းထားသည့်နေရာသို့လာခဲ့လိုက်သည်။ ယွီပင်းနှင့် ဟိုက်စန်းမှာ နန်းတော်ထဲမှသူတို့ထွက်ခွာမည့် လမ်းကြောင်းအား အခွင့်အရေးရရန် စောင့်ကြည့်နေကြခြင်းပင်ဖြစ်သည်။
"ဘယ်လိုလဲ ထွက်လို့ရနိုင်တယ်မလား"
"ခဏလေးစောင့်ရပါမယ် အိမ်ရှေ့စံ။ သူတို့အခု လူလဲတော့မှာပါ။ အစောင့်လဲတဲ့အချိန်က လူအနည်းဆုံးပါပဲ။ နောက်ပီး ဒီနေ့ညပိုင်းတာဝန်ကျတဲ့ အစောင့်တွေကို လာဘ်ထိုးထားပီးသားမို့လို့် အချိန်တစ်ခုတော့ ရပါလိမ့်မယ်"
"အင်း"
နန်းတော်လျှောက်လမ်း၏ ခေါင်မိုးပေါ်တွင်လူလဲမည့်အချိန်ကိုစောင့်ကြည့်နေတုန်း ရှောင်ကျန့်မှာမကြာခဏအိပ်ငိုက်ကာ ဝမ်ရိပေါ်၏ပုခုံးထက်သို့ကျကျလာသဖြင့်
"ကျန့်ကျန့် ခဏလေးပဲသည်းခံပေး...အပြင်ရောက်တာနဲ့ အိပ်လို့ရပီ"
"အင်း...ကျန့်ကျန့် မအိပ်ပါဘူး...ခဏလေး ငိုက်သွားတာ..ဟီး"
ယုန်သွားများထုတ်ကာရယ်ပြနေသော သူ၏ကလေးပေါက်အား ကြည့်ကာ ဆံနွယ်လေးများအား အသာအယာသပ်တင်ပေးနေရင်းမှက
"အင်း လိမ္မာတယ်။ အပြင်ရောက်ရင်စားချင်တာ ဝယ်ကျွေးမယ်"
"တကယ်လား?"
"တကယ်ပေါ့ ကိုယ်တော်က ဘယ်တုန်းကလိမ်ဖူးလို့လဲ"
"ဟီး...အိမ်ရှေ့စံကြီးအကောင်းဆုံးပဲ"
YOU ARE READING
Except You
Fanfictionကျိုးနိုင်ငံမှ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်သော ကျိုးနိုင်ငံရဲ့အချစ်တော်လေးဖြစ်တဲ့ အလိုလိုက်ခံမင်းသားလေးကျန့်ကျန့်... အင်အားကြီးမားကာ လက်အောက်ခံနိုင်ငံတစ်ရာကျော်ရှိကာ ရက်စက်ကြမ်းကြုတ်ရာတွင်နာမည်ကျော်သော ဝမ်အင်ပါယာပြည့်ရှင်၏သားဖြစ်သူ အိမ်ရှေ့စံ...