ZawGyi
ရှောင်ကျန့်ကို ကုန်းပိုးထားရင်းဖြင့် ဝမ်ရိပေါ်မှာ အလယ်မှလျှောက်နေကာ ယွီပင်းနှင့် ရဲမက်များမှာ ခပ်လှမ်းလှမ်းအကွာအဝေးမှ အရှေ့အနောက် လူခွဲ၍လိုက်ပါလာကြလေသည်။ လမ်းလျှောက်နေရင်းမှ ဝမ်ရိပေါ်မှ ကျောပေါ်မှ ကလေးပေါက်အား
"ကျန့်ကျန့် ကိုယ်တော်တောင်းပန်ပါတယ်"
"ထပ်ပီးတော့လား?"
"အင်း"
"အဲဒီစကားပဲပြောနေတာ ဘယ်နှစ်ခေါက်တောင် ရှိနေပီလဲ?"
"ဒါပေမဲ့...".
သူ့အားမကြာခဏတောင်းပန်နေသည့် ဝမ်ရိပေါ်ကြီးကြောင့် ရှောင်ကျန့်လည်း
"ဒါပေမဲ့ မနေနဲ့တော့...အမှန်ပြောရရင် ကျန့်ကျန့်ကတောင်ပြန်တောင်းပန်ရမှာလေ...သူများပစ္စည်းကို မဆင်မခြင်ကိုင်မိလို့...အိမ်ရှေ့စံကြီး တန်းဖိုးထားရတဲ့ဟာမဟုတ်လား?"
"အင်း...မယ်တော့်ပစ္စည်းလေ မယ်တော့်ရဲ့ တစ်ခုတည်းသောကျန်ခဲ့တဲ့ပစ္စည်း"
"ဟင်! အိမ်ရှေ့စံကြီးရဲ့ မယ်တော့်ဟာလား?"
"ဟုတ်တယ်...ဘာဖြစ်လို့လဲ?"
"ဘာ...ဘာမှမဟုတ်ပါဘူး"
ဝမ်ရိပေါ်၏စကားကြောင့် ရှောင်ကျန့်စိတ်ထဲတွင်မူ
'ငါထင်တာလွဲသွားပီဟ...ဒါကြောင့် ပုဝါက အရမ်းဟောင်းလည်းဟောင်းပီး ပုံလည်းတုံးနေတာကိုး"
"အိမ်ရှေ့စံကြီးက မယ်တော် မရှိတော့ဘူးလား?"
"အင်း ကိုယ်တော်ငယ်ငယ်ကတည်းက ဆုံးသွားတာ"
"ဪ....ဒါနဲ့ ဘာလို့ တစ်ခုတည်းသောကျန်ခဲ့တဲ့ပစ္စည်းလို့ပြောတာလဲ?"
"အဲဒါက နန်းတော်ထဲမှာ မီးလောင်တုန်းက မယ်တော်ရဲ့အဆောင်ကမီးထဲပါသွားလို့ ဘာပစ္စည်းမှ မကျန်ခဲ့ဘူး"
"အိမ်ရှေ့စံ ငယ်ငယ်ကတည်း ဆုံးသွားတာဆိုတော့ မယ်တော့်ကိုမှတ်မိလား?"
"သေချာတော့မမှတ်မိတော့ဘူး"
"ကျန့်ကျန့်လည်း...ဝါး...ခမည်းတော်ကိုလုံးဝမမှတ်မိဘူး"
YOU ARE READING
Except You
Fanfictionကျိုးနိုင်ငံမှ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်သော ကျိုးနိုင်ငံရဲ့အချစ်တော်လေးဖြစ်တဲ့ အလိုလိုက်ခံမင်းသားလေးကျန့်ကျန့်... အင်အားကြီးမားကာ လက်အောက်ခံနိုင်ငံတစ်ရာကျော်ရှိကာ ရက်စက်ကြမ်းကြုတ်ရာတွင်နာမည်ကျော်သော ဝမ်အင်ပါယာပြည့်ရှင်၏သားဖြစ်သူ အိမ်ရှေ့စံ...