Part 36 အဆော့မက်တဲ့ ဝမ်ဧကရာဇ်/အဆော့မက်တဲ့ ဝမ်ဧကရာဇ်

10.7K 1K 134
                                    

ZawGyi

ဝမ်ရိပေါ်တစ်ယောက် ပုန်ကန်သူများအားစုံစမ်းနေရ၍ အလုပ်တွေများလွန်းကာ မအားလပ်သောကြောင့် ရှောင်ကျန့်အား အဖော်မပြုပေးနိုင်သဖြင့် ကြင်ယာတော်လေးမှာ ချိုင်ဟုန်နန်းတော်အနှံ့ စိတ်ကြိုက်လှည့်လည်သွားလာနေလေသည်။ ယခုတော့ ဝမ်ဧကရာဇ်နန်းဆောင်သို့ အလည်အပတ် ရောက်ရှိနေသည့် ဝမ်အင်ပါယာ အိမ်ရှေ့စံ၏ တစ်ဦးတည်းသော ကြင်ယာတော်လေးအား ဧကရာဇ်ဖြစ်သူ ဝမ်မင်ရန်မှာ ဧည့်ဝတ်ပျူဌာစွာ အစားအသောက်မျိုးစုံဖြင့် တည်ခင်းဧည့်ခံနေရသည်။ ရောက်တတ်ရာရာစကားများပြောနေကြရင်းမှ ဝမ်ဧကရာဇ်တစ်ယောက် သူ၏ငယ်ရွယ်စဉ်ခါကတိုက်ပွဲများအကြောင်းဆီသို့ရောက်သွားသောအခါ

"အဲဒါဆို ခမည်းတော်က အသက်ငယ်ငယ်လေးနဲ့ လက်အောက်ခံတိုင်းပြည်တွေအများကြီးကို သိမ်းပိုက်နိုင်ခဲ့တာပေါ့နော်"

"အင်း...အဲဒီတုန်းကတော့ ခမည်းတော်က တိုင်းပြည်အသီးသီးရဲ့ ဘုရင်တွေကြားမှာ အသက်အငယ်ဆုံးလည်းဖြစ်ခဲ့ပီး အောင်မြင်မှုလည်း တော်တော်လေးရခဲ့တယ်လို့ပြောလို့တော့ရတာပေါ့"

"အိုး! မိုက်လိုက်တာ"

"အဟမ်း! အဲဒီလောက်တော့လဲ မဟုတ်ပါဘူး...ဒီအတိုင်း သူတို့တွေကိုက ညံ့နေတာ"

ဂုဏ်ယူဝင့်ကြွားနေသည့်ပုံဖြင့် သူ့ကိုယ်သူနှိမ့်ချသည့်စကားကိုဆိုနေသည့် ဝမ်ဧကရာဇ်တစ်ယောက် နောက်ထပ်ပြောလာသည့် ရှောင်ကျန့်၏စကားအဆုံး ဘာမှမစားထားသည့်တိုင် သူ၏စကားလုံးများဖြင့် ပြန်နင်သွားရလေသည်။

"ဒီမုန့်က ဘယ်တိုင်းပြည်ကလာတာလဲ ကျန့်ကျန့်တစ်ခါမှမစားဖူးဘူး။ တအားမိုက်တာပဲ...ဒါ ဝမ်အင်ပါယာက မုန့်လား? တခြားကနေလာတာလား?"

ဝမ်ဧကရာဇ်၏ နန်းဆောင်တွင် စားကောင်းသောက်ကောင်းဖြစ်နေသည့် ရှောင်ဖေးတစ်ယောက်မှာ သူတို့ဘုရင်ဂုဏ်ယူဝံ့ကြွားစွာပြောနေသည့် အောင်မြင်မှုအကြောင်းများကို ဟိုဘက်နားကဝင် ဒီဘက်နားကထွက်ဟူသည့် နည်းလမ်းဖြင့်နားထောင်နေသည်ကို ရှောင်ဖေးအကြောင်းသိသူပီပီ လျိုဖန်းကတော့ သိထားပီးဖြစ်သည်။ အခုလည်း ဟိုက သူ၏တိုက်ပွဲအကြောင်းပြောနေတုန်း စားပွဲပေါ်ရှိမုန့်များထံတွင်သာ အာရုံရှိနေသည့် ရှောင်ကျန့်ပြောသည်ကတခြား ဝမ်ဧကရာဇ်ထင်လိုက်သည်က တစ်မျိုးဖြစ်နေသဖြင့် ဘေးတွင်ရပ်နေကြသည့် အထိန်းတော်များမှာ အလကားနေရင်း မျက်နှာပူနေရလေသည်။

Except You Where stories live. Discover now