Part 31 အလှူ့ဒယိကာကြီး ရှောင်ဖေး/အလှူ့ဒယိကာကြီး ရှောင်ဖေး

11.4K 1.2K 76
                                    

ZawGyi

တစ်ညလုံးခရီးနှင်လာကြသဖြင့် ပင်ပန်းနေသောကြောင့်အိပ်ပျော်သွားလိုက်ကြသည်မှာ ညနေစောင်းမှာ ဝမ်ရိပေါ်နိုးလာသော်ငြား ကလေးပေါက်ကတော့ အိပ်ပျော်နေဆဲဖြစ်သဖြင့် လွမ်းနေခဲ့ရသည့် မျက်နှာလေးအား အတိုးချ၍ကြည့်နေမိလေသည်။ အချိန်အတော်ကြာမှသာ ရင်ခွင်ထဲကအကောင်ငယ်လေးက လှုပ်လှုပ်ရှားရှားဖြစ်လာသဖြင့်

"နိုးပီးလား?"

"အင်း"

သူမေးလိုက်သည့်အခါ အိပ်ချင်မူးတူးမျက်နှာဖြင့် ပြန်ဖြေလာသည့် ရှောင်ကျန့်က သူ၏ရင်ခွင်ထဲသို့ ပိုမိုတိုးဝင်လာကာ ခါးကိုလည်းတင်းကျပ်စွာဖက်လာသဖြင့် ဝမ်ရိပေါ်မှာ

"ဘာလို့အဲဒီလောက်တောင် ဖက်နေရတာလဲ? ထူထူးဆန်းဆန်း"

"ဒီရင်ဘက်ကြီးကို သတိရနေခဲ့တာ...အခုလို အိမ်ရှေ့စံကြီးရဲ့ ရင်ဘက်အကျယ်ကြီးထဲမှာမအိပ်ရတာ ဘယ်လောက်တောင်ကြာနေပီလဲ?"

ရင်ခွင်ထက်မျက်နှာကို ပွတ်ဆွဲကာပြောနေသည့် ကလေးပေါက်ကြောင့် ကြည်နူးမိရသော်လည်း တစ်ဖက်တွင်တော့ စိတ်မကောင်းလည်းဖြစ်မိသဖြင့်

"တောင်းပန်ပါတယ် ကျန့်ကျန့်...ကိုယ်တော်အသုံးမကျလို့ ကျန့်ကျန့်အခုလို ဒုက္ခခံရတာ"

"မဟုတ်ပါဘူး...အိမ်ရှေ့စံကြီးက အဲဒီလိုဖြစ်အောင်လုပ်ခဲ့တာမှမဟုတ်တာ...နောက်ပီး အခုလည်းကျန့်ကျန့် ဘာမှ,မှမဖြစ်တာ...အိမ်ရှေ့စံကြီး ကိုယ်တိုင်လာကယ်ပေးခဲ့တာကို"

"မဟုတ်ဘူး...ကိုယ်တော့အပြစ်..အဲဒါ ကိုယ်တော့်ကြောင့်ဖြစ်တာ။ ကိုယ်တော့်ကြောင့် ခမည်းတော်က မင်းကိုအဲဒီလိုအယောင်ဆောင်ပီး အန္တရာယ်တွင်းထဲပို့တာ။ တောင်းပန်ပါတယ်"

သူ့အားအတင်းပင်တောင်းပန်နေသည့် ဝမ်ရိပေါ်ကြောင့် ထွက်ပြေးဖို့ကြံစည်ခဲ့သည့် ရှောင်ကျန့်မှာအမှန်ပင် မလုံမလဲဖြစ်လာရကာ

"မဟုတ်ပါဘူးဆို...ကျန့်ကျန့်ဘာသာ ကျန့်ကျန့်ထွက်ပြေးချင်လို့ အဲဒီနေ့ကသွားခဲ့တာ...အဲဒါကြောင့် အိမ်ရှေ့စံကြီးက မတောင်းပန်ပါနဲ့"

Except You Where stories live. Discover now