Part 13 ရှောင်ဖေးအချောဆုံး/ရှောင်ဖေးအချောဆုံး

13K 1.3K 122
                                    

ZawGyi

မီးဖိုဆောင်ထဲတွင် လျိုဖန်းအလုပ်များနေသော်ငြား အဆောင်ပေါက်ဝတွင် အချိန်အတော်ကြာ ရပ်နေသော ကလေးမလေးကိုလှမ်းတွေ့နေရသည်။ သူအမှတ်မမှားဘူးဆိုလျှင် ထိုကလေးမက ယခုတစ်ခေါက်ရောက်လာသည့်ကြင်ယာတော်များထဲမှ တစ်ယောက်ဖြစ်သည်။ နောက်ပီး ကြည့်လိုက်ယုံဖြင့် သာမန်နှင့်မတူမှန်းလည်း ရိပ်မိသည်။ ယခုလည်း လိုချင်တာမရမချင်းသွားမည့်ပုံမပေါ်သဖြင့် အလုပ်ရှုပ်နေသည့်တိုင် ထိုကလေးမရှိရာထံသို့သွားလိုက်၍

"ဒီက.."

"လွီကြင်ယာတော်ပါ"

"ဟုတ်ကဲ့ လီဖေး ဘာများအလိုရှိလို့လဲမသိဘူး"

"ညစာအတွက် ဆန်ပြုတ်နည်းနည်းလောက်ရနိုင်မလားလို့ပါ"

"နေများမကောင်းလို့လား လွီဖေး? သမားတော်.."

"သမားတော်အထိမလိုပါဘူး။ ဒီအတိုင်း အစာနည်းနည်းမကျေချင်သလိုဖြစ်နေယုံပါ"

"ကျွန်တော်မျိုး စီစဉ်ပီး ရတာနဲ့ လာပို့ခိုင်းလိုက်ပါ့မယ်"

"အလုပ်များနေတာမို့လာမပို့ပါနဲ့ ကျွန်မရဲ့အခိုင်းအစေကိုပဲ ဒီမှာစောင့်နေခိုင်းလိုက်ပါ့မယ်"

"ဟုတ်ကဲ့ သိပါပီ။ ညစာထမင်းရော ထပ်ပို့ပေးရမလား?"

"နေပါစေ။ ဆန်ပြုတ်နဲတင်ရပါပီ"

ညစာမယူတော့ဟု လွီကြင်ယာတော်မှပြောလာသဖြင့် သူမနှင့်အတူ ရှဲ့ဟူတိုင်းပြည်မှပါလာသည့် သူမအားငယ်စဉ်ကတည်းက အနီးကပ်ခစားခဲ့ရသည့် နန်းတွင်းသူ ရှန်းယင် မှာတစ်ခုခုပြောရန်ပြင်လိုက်သော်လည်း ချက်ချင်းပင်ကျရောက်လာသည့် သူ့သခင်မ၏ အကြည့်ကြောင့် ပါးစပ်ကိုသာပြန်ပိတ်ထားလိုက်ရလေသည်။ ကလေးတစ်ယောက်ဖြစ်သော်လည်း လွီမင်းသမီးအား သူတို့နန်းတော်ထဲရှိသူများအားလုံးက မလေးမစားမဆက်ဆံရဲပေ။ အမြဲတစေ တစ်ယောက်တည်းသာနေလေ့ရှိသည့် မင်းသမီးက ဒီကိုရောက်လာသည့်အချိန်မှ ထူးထူးဆန်းဆန်း ရှောင်ဖေးနှင့် စကားတွေအများကြီး ပြောနေသည်ကိုတွေ့မြင်ခဲ့ဖူးခြင်းဖြစ်ပီး ထိုမျှသာမက တပါးသောသူများကိစ္စကိုလည်း ဝင်ပါခဲ့သည့်အတွက် သူမမှာအလွန်ပင်အံ့သြခဲ့ရသေးသည်။

Except You Where stories live. Discover now