Part 34 ဇာတ်လမ်းဟောင်းတွေရှိခဲ့ရင်/ဇာတ်လမ်းဟောင်းတွေရှိခဲ့ရင်

11.5K 1.2K 99
                                    

ZawGyi

ဝမ်ရိပေါ်ကိုအာရုံလုံးဝမရခဲ့သည့် ရှောင်ကျန့်က စိတ်ကြိုက်စားသောက်လို့ ဗိုက်ဝသွားသည့်အချိန်မှ အိမ်ရှေ့စံထိုင်နေသည့် နေရာသို့အကြည့်ရောက်သွားသည့်အခါ

"အယ်! အိမ်ရှေ့စံကြီးက ခုထိ ဘာမှလည်းမစားပါလား...သူ့မှာရှိတဲ့ဟင်းတွေ မကြိုက်လို့များလား"

ဤသို့ဖြင့် ရှောင်ကျန့်က သူ၏စားပွဲတွင်ရှိသည့် အစားအသောက်များအား သွားပေးရန်ကြည့်လိုက်သော်လည်း ပြောင်သလင်းခါနေသော ပန်းကန်များကြောင့် မျက်စိကိုအနည်းငယ်စွေကြည့်လိုက်သည့်အခါ ဝမ်ဧကရာဇ်အရှေ့ရှိ စားပွဲပေါ်မှ ဟင်းပွဲများကိုတွေ့လိုက်ရသဖြင့် မျက်လုံးအရောင်တဖျတ်ဖျတ်လင်းလက်သွားပီး ဝမ်ဧကရာဇ်အနားသို့ကပ်ကာ

"ဟိုလေ....ဒီဟင်းတွေက မစားတော့ဘူးလား"

"ဘာဖြစ်လို့လဲ စားချင်သေးလို့လား"

"အင်း...ကျန့်ကျန့် လိုချင်လို့"

"ကြိုက်တာယူသွား...လိုရင်ထပ်ပြောဦး"

"ကျေးဇူး...ဟိ"

နီးကပ်စွာတိုးတိုး တိုးတိုးပြောနေသည့် မင်းကြီးနှင့် ရှောင်ဖေးတို့ကိုကြည့်နေသည့် ဝမ်အိမ်ရှေ့စံ၏မျက်နှာသည်ကား တစ်စတစ်စပိုပို၍မဲမှောင်လာသည်ကို လျိုဖန်းနှင့် ယွီပင်းကတော့ မြင်နေရသည်။ ဝမ်ရိပေါ်၏ အရှေ့စားပွဲတွင်ထိုင်နေသည့် ဝမ်ဟောက်ရွှမ်းမှာတော့

"ခမည်းတော်ရော ဝမ်ရိပေါ်ရောနှစ်ယောက်စလုံးက သူတို့အရင်ပုံစံတွေနဲ့မတူ ဘယ်လိုတွေဖြစ်နေတာလိမ့်....ခုနကကထက် ပိုပီးစိတ်ဝင်စားဖို့ကောင်းလာပီ"

ဝမ်ဟောက်ရွှမ်းသည်ကား ဝမ်ဧကရာဇ်က အခြားသောနိုင်ငံမှသိမ်းပိုက်ရရှိထားသော ကြင်ယာတော်တစ်ပါးမှ မွေးဖွားလာသည့်သားတစ်ယောက်ဖြစ်ပီး နန်းတော်ထဲတွင်ဂရုစိုက်အရေးပေးခံရခြင်းမရှိပါဘဲ လျစ်လျူရှုခံထားရသည့်သူတစ်ယောက်သာဖြစ်ကာ ဝမ်ဟောက်ရွှမ်းကိုယ်တိုင်ကလည်း နန်းတော်ရေးရာများကိုစိတ်မဝင်စားဘဲ ဖာသိဖာသာနေရသည်ကိုသာ သဘောကျသည့်သူဖြစ်သည်။

Except You Where stories live. Discover now