Part 37 အဖိုးတန်ပန်းချီ/အဖိုးတန်ပန်းချီ

10.3K 1K 146
                                    

ကစားပွဲတွင် ရှုံးသွားသဖြင့် ဝမ်ဧကရာဇ်ကို စိတ်ကောက်သွားသည့် ရှောင်ကျန့်က ဧကရာဇ်နန်းဆောင်သို့ မလာတော့သည်မှာ တစ်ပတ်ခန့်မျှပင်ရှိပီဖြစ်သည်။ ဒီနေ့တော့ ဝမ်ရိပေါ်တစ်ယောက် ပုန်ကန်မှုတွင်ပါဝင်ခဲ့သည့် တထန်နန်းတော်၏အကြောင်းအား အသေးစိတ်ဆွေးနွေးရန်ရှိသဖြင့် ဝမ်ဧကရာဇ်၏အိပ်ဆောင်သို့လာခဲ့ရာတွင် အရေးကြီးသက်သေဖြစ်သူရှောင်ကျန့်ကိုပါ ခေါ်လာခဲ့လေသည်။

အိပ်ဆောင်ထဲတွင် မျက်နှာထားတည်တည်ဖြင့် ထိုင်နေသည့် ရှောင်ကျန့်ကြောင့် ဝမ်မင်ရန်တစ်ယောက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေရသည်။ ရှေ့တွင်ချကျွေးထားသည့် စားကောင်းသောက်ဖွယ်များကိုလည်း လုံးဝလှည့်ပင်မကြည့်သဖြင့် ဝမ်ဧကရာဇ်မှာ ထိုကလေးစိတ်ပြေစေရန် မည်သို့လုပ်ပေးရမလဲဟုသာတွေးနေမိသည်။

"ခမည်းတော် ဘာတွေအဲဒီလောက်တွေးနေရတာလဲ? သားတော်ပြောတာ နားထောင်နေရဲ့လား?"

"ဪ...အင်း ဘာပြောလိုက်တာလဲ"

"တထန်ကိုအရေးယူမယ့်အကြောင်းပြောနေတာပါ။ စစ်ရေးအရဖြေရှင်းမလား..သံတမန်ရေးအရ အရေးယူမလားဆိုတာ"

"အင်း..ခမည်းတော်အတွေးကတော့ သူတို့လုပ်ရပ်က ဝမ်အင်ပါယာ ကိုလာစော်ကားတာပဲ။ အဲဒါကြောင့် မှတ်လောက်သားလောက်ရှိအောင် အပြစ်ဒဏ်ကြီးကြီးပေးမှဖြစ်မယ်။ အဲဒါမှ တစ်ခြားလက်အောက်ခံတိုင်းပြည်တွေကလည်း ဝမ်အင်ပါယာကိုလာထိရင်ဘာဖြစ်သွားမလဲဆိုတာ သိပီးဖြစ်သွားမှာ"

"ဒီရက်ပိုင်း သားတော်စုံစမ်းမှုအရ တထန်ဘက်က သူတို့ရဲ့လုပ်ရပ်တွေကို ဝန်ခံပီးအညံ့ခံချင်ဆိုတဲ့ သတင်းကိုကြားပါတယ်။ ဘယ်လောက်ပဲ တထန်က စစ်အင်အားတောင့်တင်းတယ်ဆိုပေမဲ့ ဝမ်အင်ပါယာကိုတော့ မယှဉ်နိုင်ဘူးမဟုတ်လား"

"သားတော်တွေးထားတာများရှိလား?"

"အကယ်၍ သူတို့ဘက်က အညံ့ခံလာရင်တော့ စစ်ရေးအရအရေးမယူဘဲ သူတို့ရဲ့စစ်အင်အားကို ဖျက်သိမ်းခိုင်းဖို့စဉ်းစားထားပါတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ ဝမ်အင်ပါယာလည်း စစ်ဖြစ်စရာမလိုတော့လို့ စစ်ရေးစရိတ်အပြင် မလိုအပ်ဘဲ ရဲမက်တွေလည်းအသက်မဆုံးရှုံးရတော့ဘူးပေါ့။ နောက်တစ်ခုက မြောက်ပိုင်းမှာ မိုးခေါင်တာ နှစ်နှစ်ဆက်တိုက်မို့ ထောက်ပံ့ပေးဖို့လိုအပ်ပါတယ်။ အကယ်၍များ ဒီလိုအချိန်မှာ စစ်ခင်းလိုက်မယ်ဆိုရင် ဘဏ္ဏာရေးအကြပ်အတည်းဖြစ်လာနိုင်ပါတယ်"

Except You Where stories live. Discover now