Part 39 အိမ်ရှေ့စံမှသည် ဧကရာဇ်ဆီသို့/အိမ်ရှေ့စံမှသည် ဧကရာဇ်ဆီသို့

10K 975 56
                                    

ZawGyi

ဝမ်ရိပေါ် သူ၏စာကြည့်ဆောင်တွင် ယုံကြည်ရသည့်အမတ်တစ်ချို့နှင့် အရေးကြီးသည့် နန်းတွင်းရေးရာများဆွေးနွေးတိုင်ပင်နေတုန်း အစောင့်ရဲမက်တစ်ယောက် ဝင်လာပြီး

"အိမ်ရှေ့စံ နန်းတွင်းသူတစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ်"

"ကိုယ်တော်မအားသေးဘူး..နောက်မှတွေ့မယ်"

"အထိန်းတော်လျိုဖန်း လွှတ်လိုက်တာပါတဲ့...အရေးတကြီးလျှောက်တင်စရာရှိလို့ပါလို့ပြောပါတယ်"

လျိုဖန်းလွှတ်လိုက်သည်ဟုဆိုလာသဖြင့် ဝမ်ရိပေါ်မှာ တစ်ခုခုဖြစ်နေပီးမှန်းသိလိုက်ကာ

"အခုချက်ချင်းလွှတ်လိုက်"

ထိုအခါနန်းတွင်းသူလည်း စာကြည့်ဆောင်တွင်းသို့ဝင်လာပီး

"အိမ်ရှေ့စံကို ဂါရဝပြုပါတယ်"

"ဘာကိစ္စရှိလဲ?"

"ရှောင်ဖေးကို မိဖုရားကြီး ဆင့်ခေါ်လို့ အခုအနောက်ဆောင်ကိုသွားနေပါတယ်"

နန်းတွင်းသူပြောလာသည့် စကားကြောင့် ဝမ်ရိပေါ်တစ်ယောက် သူ၏ကလေးပေါက်အတွက် စိုးရိမ်ပူပန်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဒီရက်ပိုင်းတွင် နန်းတွင်းပုန်ကန်မှုတွင်ပါဝင်နေသည့် သူများအားစုံစမ်းစစ်ဆေးနေရာ မိဖုရားကြီးနှင့် သူမ၏မိသားစုပါဝင်ပတ်သတ်နေသည့် အကြောင်းသိရသဖြင့် သေချာစေရန်အလို့ဌာ သက်သေမျာအားစုဆောင်းနေခြင်းဖြစ်သည်။ ယခုလည်းရှောင်ကျန့်အားခေါ်ကာ ဘာတွေကြံနေမှန်းမသိသဖြင့် အချိန်မဆွဲတော့ဘဲ မိဖုရားကြီးနန်းဆောင်သို့ ချက်ချင်းထွက်လာခဲ့လိုက်သည်။ နန်းဆောင်အပေါက်ဝသို့ရောက်လျှင်ရောက်ချင်း မိဖုရားကြီးနှင့်အတူထိုင်နေသည့် ရှောင်ကျန့်အားတွေ့လိုက်ရသည့်အခါ

"ကျန့်ကျန့်!!!"

"အိမ်ရှေ့စံကြီး"

အဆောင်ထဲသို့ ဒရောသောပါးဝင်လာသည့် ဝမ်ရိပေါ်ကြောင့် ရှောင်ကျန့်မှာ လက်ထဲမှသောက်မည်ပြုထားသော ရေနွေးခွက်ကိုချလိုက်ပီး ဝမ်ရိပေါ်လာနေသည့်နေရာသို့ အပြေးလေးသွားလိုက်သည့်အခါ စိုးရိမ်ပူပန်နေသည့်ပုံဖြင့် ဝမ်ရိပေါ်က သူ၏မျက်နှာအနှံ့ပွတ်သပ်လာကာ

Except You Where stories live. Discover now