Ch 3 ပထမဆုံးည/ပထမဆုံးည

15.6K 1.5K 111
                                    

ZawGyi

"မင်း...ဒီနေ့ ငါနဲ့အိပ်ဆောင်ဝင်ရမယ်"

"အမ်!!!"

ရှောင်ကျန့်အစားစားလို့ကောင်းနေတုန်း သူ၏အရှေ့တွင်လာရပ်ပီးသူ့အား အိပ်ဆောင်ဝင်ရမည်ဟုပြောလာသော အိမ်ရှေ့စံဝမ်ကြောင့်

'ဘုရားရေ! အိမ်ရှေ့စံဝမ်က အခုအချိန်အထိ မိဖုရားမရှိတာက ယောက်ျားလေးတွေကို ကြိုက်တာမို့လို့လား။ ကျန့်ကျန့်ကအရမ်းချောမှန်း အစကတည်းကသိပေမဲ့ အိမ်ရှေ့စံဝမ်ကတောင် မြင်မြင်ချင်းကြွေသွားရတာလား။ အဲ့ဒါမို့ခုနတုန်းကရှက်လို့ မျက်နှာကြီးရဲပီးထွက်သွားတာပေါ့။ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ကျန့်ကျန့်က အဲ့မျက်နှာမာကြီးကို မကြိုက်ဘူးလေ။ သူ့မိန်းမတွေကိုပဲ ကြိုက်တာလေ။ ကျန့်ကျန့်ရေ နင့်ဘဝတော့ သွားပီ! ရောက်ရောက်ချင်းနေ့မှာတင် လူပျိုရည်ပျက်တော့မယ်..အဟင့်.."

သူခေါ်နေသော်လည်း တုံ့ပြန်မှုမပေးလာသော အရှေ့မှအကောင်ပေါက်အား ဝမ်ရိပေါ်အတော်ပင်ဒေါသထွက်နေပီဖြစ်သည်။ ထို့ကြောင့် အနောက်မှလျိုဖန်းအားမျက်ရိပ်ပြလိုက်သောအခါ

"ရှောင်ဖေး အိမ်ရှေ့စံနဲ့ အိပ်ဆောင်ဝင်ရန်ကြွပါ"

"အယ်! ကျန့်ကျန့်စားလို့မပီးသေးဘူးလေ။ ဒီမှာကြည့် ဟင်းတွေ အများကြီးကျန်သေးတယ် ကုန်အောင်စားဦးမှာ။ ဗိုက်လဲမဝသေးဘူး"

"ဟွန့်! စောင့်ပီးခေါ်လာခဲ့"

"အမိန့်တော်အတိုင်းပါ"

ဝမ်ရိပေါ် သူ့အရှေ့မှ အနှစ်နှစ်အလလကငတ်ပြတ်နေဟန်ရှိသော အငတ်အား စိတ်ကုန်စွာဖြင့်ဘာမှထပ်မပြောချင်တော့သောကြောင့် လျိုဖန်းကိုသာစောင့်ခေါ်လာခိုင်း၍ အရင်ထွက်သွားတော့သည်။ စားသောက်နေရာအဆောင်အတွင်းရှိ လူအများ၏ စိတ်ဝင်စားမှုတွေကတော့ အိမ်ရှေ့စံဝမ်ရိပေါ်နှင့် ရှောင်ကျန့်ထံတွင်သာရှိနေကြသည်။

ရှောင်ကျန့်လည်း သိပ်မကြာခင် သူလူပျိုရည်ပျက်တော့မည်ကိုတွေးမိပီး စိတ်မကောင်းဖြစ်စွာဖြင့် အစားကိုသာ ပို၍စားနေမိတော့သည်။

'အခုအချိန်မှာ သူအားရှိနေဖို့လိုအပ်သည်မဟုတ်လား။ အတွေးမမှားကြပါနဲ့။ အဲ့ဒီမျက်နှာမာကြီး သူ့ကိုအနိုင်ကျင့်ဖို့ကြံရင် ပြန်ပီးချနိုင်အောင်လို့ပါ...အဟင့်...သူ့ကိုယ်သူကာကွယ်ဖို့လိုအပ်တယ်လေ'

Except You Where stories live. Discover now