ZawGyi
"ဟုတ်တယ် လျိုဖန်းက လိုအပ်ရင် သရုပ်ဆောင်ပေးပါဆိုလို့။ ဒါနဲ့ ကျန့်ကျန့် သရုပ်ဆောင်တာတော်လားဟင်....ဟီ...ဟိ"
သူ၏အရှေ့တွင် ယုန်သွားလေးများပေါ်ကာ မျက်ဝန်းဝိုင်းလေးများပိတ်သွားသည်အထိရယ်ပြနေသော အကောင်ပေါက်လေးအားမျက်တောင်ခတ်မလွှဲသေချာကြည့်နေမိသည်။ ပုံမှန်အားဖြင့် ချစ်ဖို့ကောင်းသည်ဟုပြောလို့ရသောအကောင်ပေါက်က ယခုမိန်းကလေးပုံစံလေးပြင်ထားသဖြင့် ချောမောခြင်းကိုကျော်လွန်ကာ လှပခြင်းကိုဆောင်ကျဉ်းနေလေသည်။ အမြဲတစေချထားတတ်သည့်ဆံနွယ်လေးမျာအား ဘေးတစ်ဖက်ကိုဆံမြိတ်ကျစ်ကာသိမ်းထားပီးမှ တစ်ဖန်ဆံသားရှည်ရှည်တို့အား အရှေ့သို့ပြန်လည်ကာချထားသည်မှာ တော်ယုံမိန်းကလေးများပင် ထိုကလေး၏အလှကိုမမှီနိုင်ပေ။ လည်ပင်းတွင်ထင်ရှားစွာတည်ရှိနေသော လည်းစေ့လေးအား မသိသာစေရန် အဖြူအနက်ကျားပုဝါလေးပတ်ကာဖုံးအုပ်ထားသော်လည်း အလျင်အမြန်ပြေးထွက်လာမှုကြောင့် ကပိုကယိုလျှောကျနေသည်က အမြင်တစ်မျိုးဆန်းသစ်နေပြန်သည်။ ထို့ကြောင့် ပုံမှန်အားဖြင့် ကလေးတစ်ယောက်သဖွယ် ရှောင်ကျန့်၏ပုံစံလေးက ယခုအခါတွင်တော့ လှပကြော့ရှင်းမှုကိုဆောင်းကျဉ်းနေပြန်သည်။
"ဝမ်ရိပေါ်! မေးနေတယ်လေ ကျန့်ကျန့် သရုပ်ဆောင်တာတော်လားလို့"
ဒီနေ့ဒီအချိန်ထိ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသေးစိတ်မကြည့်တတ်ဖူးသည့်သူက ယခုအခါတွင်တော့ ထိုကလေးအားအကြည့်မလွှဲစိုက်ကာကြည့်နေမိသည်မှာ ဘေးပတ်ဝန်းကျင်ကို သတိမရနိုင်သည်မထိပင်။ ထို့ကြောင့်အရှေ့က အကောင်ပေါက်က သူ့လက်အား အတင်းလာပီးဆွဲရမ်းလှုပ်ခါပီး စကားပြောလာသည့်အခါမှသာ သတိဝင်လာကာ
YOU ARE READING
Except You
Fanfictionကျိုးနိုင်ငံမှ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်သော ကျိုးနိုင်ငံရဲ့အချစ်တော်လေးဖြစ်တဲ့ အလိုလိုက်ခံမင်းသားလေးကျန့်ကျန့်... အင်အားကြီးမားကာ လက်အောက်ခံနိုင်ငံတစ်ရာကျော်ရှိကာ ရက်စက်ကြမ်းကြုတ်ရာတွင်နာမည်ကျော်သော ဝမ်အင်ပါယာပြည့်ရှင်၏သားဖြစ်သူ အိမ်ရှေ့စံ...