Part 35 ပြဇာတ်မင်းသား ဝမ်ရိပေါ်/ပြဇာတ်မင်းသား ဝမ်ရိပေါ်

11.3K 1K 97
                                    

ZawGyi

"ဝုန်း!! ကဲဟာ...ကဲဟာ"

စားသောက်ပွဲမှ ပြန်ရောက်သည်နှင့် မိဖုရားကြီးအဆောင်တွင် မုန်တိုင်းဝင်နေသည့်နှယ် ပစ္စည်းများမှာ ဟိုတစ်စဒီတစ်စပြန့်ကျဲလျှက် အဆောင်တွင်းခစားနေကြသည့် သူများမှာလည်း အသံတစ်စက်ပင်မထွက်ရဲကြပေ။

"အဲဒီ မုန်းစရာကောင်းတဲ့ရုပ်ကို ထပ်ပီးမြင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက သူ့အဖေကြောင့် ငါ့ကိုလျစ်လျူရှုခဲ့တယ်။ နောက်တစ်ခါကျပြန်တော့လည်း ငါ့အစား အဲဒီ ရှောင်ယွီဖုန်းကိုပဲကြိုက်ခဲ့တဲ့ ဝမ်ရိပေါ်ရဲ့အမေကိုပဲရွေးခဲ့တယ်။ နောက်ဆုံးနှစ်ယောက်စလုံးသေသွားလို့ ငါ့ကိုလှည့်ကြည့်မယ်ထင်ခဲ့ပေမဲ့ မတတ်သာလို့သာ လက်ထပ်ခဲ့ရပီး တစ်ချက်တောင်လှည့်မကြည့်ပေးဖူးဘူး။ မျိုးဆက်ရဖို့နေနေသာသာ ငါ့ကိုကလေးပါမရနိုင်အောင်လုပ်ထားခဲ့တဲ့ လူယုတ်မာဘုရင်က အခုတော့ဘာမဟုတ်တဲ့ ဟိုကောင်စုတ်လေးကိုကျတော့ မျက်နှာသာပေးနေလိုက်တာများ...ဟက်! ရှောင်ယွီဖုန်းဆိုတဲ့ အဖေဖြစ်သူရောသူ့သားရော မုန်းစရာကောင်းလိုက်တာ။ အခုတော့ ဝမ်ရိပေါ်ထက်အဲဒီကောင်လေးက ငါ့ကို ပိုပီးစိတ်အနှောက်ဖြစ်စေတယ်"

စိတ်ရှိလက်ရှိသောင်းကျန်းပီးသည့်အခါ မိဖုရားကြီးမှာ သူမ၏အထိန်းတော်အား

"စစ်သူကြီးကို ပြောလိုက်...ငါတို့အစီအစဉ်တွေကို အမြန်ဆုံး အကောင်အထည်ဖော်မှဖြစ်တော့မယ်လို့။ သူတို့ဘက်ကလည်း စုံစမ်းနေတာ တထန်အကြောင်းတွေပေါ်ကုန်ပီမို့လို့ ဒီထက်ပိုပီး အချိန်ဆွဲလို့မဖြစ်တော့ဘူး"

"ဟုတ်ကဲ့ နားလည်ပါပီ"

စစ်သူကြီးမိသားစုမှဆင်းသက်လာသည့် မိဖုရားကြီးမှာ သူမအား ယခုအချိန်အထိ ချစ်ခင်နှစ်သက်မှုမရှိခဲ့သည့် ဝမ်မင်ရန်အား ငယ်စဉ်ကတည်းက တစ်ဖက်သတ်ကြိုက်နှစ်သက်ခဲ့ရသူဖြစ်သည်။ အရွယ်ရောက်လာသည့်အခါ ဝမ်မင်ရန်မှာ သူမတို့နှင့်ခရီးအတူထွက်ကြသည့်အချိန်တွင် ကျိုးနိုင်ငံ၏ အိမ်ရှေ့စံဖြစ်သူနှင့်တွေ့ပီး ချစ်ကြိုက်ခဲ့ကြလေသည်။ အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့နှစ်ဦးမှာကွဲကွာသွားရသော်လည်း ဝမ်မင်ရန်က ထိုလူအားလုံးဝမမေ့ခဲ့သည်ကို သူမအသိဆုံးဖြစ်သည်။

Except You Donde viven las historias. Descúbrelo ahora