ZawGyi
ပိုင်ထျန်းမြို့အနှံ့ ရှောင်ကျန့်မှာ ဝမ်ဧကရာဇ်နှင့်အတူ လှည့်လည်သွားလာနေလေသည်။ ဝမ်ဧကရာဇ်က သူ၏ကတိအတိုင်း ရှောင်ကျန့်အား ဆုချီးမြှင့်သည့်အနေဖြင့် စိတ်တိုင်းကျလည်ပတ်စေရာ သူနှင့်အတူ ရှောင်ရှင်းနှင့် ဟိုက်စန်းတို့ကိုပါခေါ်လာခဲ့သည်။ မနက်အစောပိုင်း ဝမ်ရိပေါ်အိပ်ဆောင်မှထွက်သွားသည့်အချိန်ကတည်းက သူတို့လည်းနန်းပြင်သို့ထွက်လာခြင်းဖြစ်သည်။ တစ်နေကုန် ပင်မဈေးအားလျှောက်ကြည့်ရင်းမှ စားချင်သည့်အစားအစာများကို တစ်နေရာပီးတစ်နေရာဝင်ရောက်စားသောက်ကာ နေရာဒေသအစုံမှ လာရောက်ရောင်းချသည့် ပစ္စည်းပစ္စယများကိုလည်း စိတ်ဝင်တစားကြည့်ရှုဝယ်ယူရင်းဖြင့် ရှောင်ကျန့်နှင့် ရှောင်ရှင်းမှာပျော်ရွှင်နေကြသည်။ နေ့လည်ခင်းရောက်သည့်အခါ
"ခမည်းတော် ခဏလောက်ထပ်နေလို့ရဦးမလား?"
"လည်လို့မဝသေးဘူးလား ကျန့်ကျန့်?"
"နန်းပြင်ကထွက်ရခဲတယ်။ ထွက်လို့ရတုန်းလေး အဝလည်ထားချင်လို့"
"ကောင်းပီ....ကျန့်ကျန့်သဘော"
"ကျေးဇူးတင်ပါတယ် ခမည်းတော်"
အတူလျှောက်လာကြရင်း တစ်နေရာရောက်သည့်အခါ ဟိုက်စန်းမှာ
"ပြဇာတ်ကြည့်မလား ရှောင်ဖေး"
"ကြည့်မယ် ကြည့်မယ်..ဘယ်မှာလဲ? ဒီအချိန်ကြည့်လို့ရတာလား? ညဘက်မှကကြတာမဟုတ်ဘူးလား?"
"ဟိုနားက အဆောင်ကိုတွေ့လား? အဲဒါ ပိုင်ထျန်းမြို့ရဲ့အကြီးဆုံးပြဇာတ်ရုံပဲ...ညဘက်တင်မဟုတ်ဘူး တစ်နေကုန်ပြဇာတ်အမျိုးအစား အများကြီးကြည့်လို့ရတယ်"
"အဲဒါဆို သွားကြမယ်"
ဤသို့ဖြင့် ရှောင်ကျန့်တို့မှာ ပြဇာတ်ရုံတွင် ဖျော်ဖြေတင်ဆက်မှုများကို ဝင်ရောက်ကြည့်ရှုကြသည်။ ပြဇာတ်ကြည့်နေသည့်အချိန် အရယ်သန်လွန်းသည့် ရှောင်ကျန့်မှာ သူ၏အကျင့်အတိုင်း ဘေးတွင်ထိုင်နေသည့် ဝမ်ဧကရာဇ်အား ရိုက်ရန်လက်ပြင်နေသည်ကို မြင်လိုက်သည့်အခါ ဟိုက်စန်းတစ်ယောက် အလျှင်အမြန်ပင်နှစ်ယောက်ကြားတွင် ဝင်ထိုင်လိုက်ကာ သူ၏ကိုယ်ဖြင့်တားဆီးလိုက်ရလေသည်။ ဤသို့ဖြင့် ဟိုက်စန်းမှာ ပြဇာတ်ကြည့်နေချိန်တစ်လျှောက်လုံး ရှောင်ကျန့်၏ အရိုက်ကိုခံနေရသဖြင့် လျှာရှည်မိသည့် သူ့ကိုယ်သူပင်စိတ်ထဲမှကြိတ်ကာကျိန်ဆဲနေမိသည်။
YOU ARE READING
Except You
Fanfictionကျိုးနိုင်ငံမှ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်သော ကျိုးနိုင်ငံရဲ့အချစ်တော်လေးဖြစ်တဲ့ အလိုလိုက်ခံမင်းသားလေးကျန့်ကျန့်... အင်အားကြီးမားကာ လက်အောက်ခံနိုင်ငံတစ်ရာကျော်ရှိကာ ရက်စက်ကြမ်းကြုတ်ရာတွင်နာမည်ကျော်သော ဝမ်အင်ပါယာပြည့်ရှင်၏သားဖြစ်သူ အိမ်ရှေ့စံ...