ZawGyi
ရပ်နားစခန်းတွင် ဝမ်ရိပေါ်နှင့်ရှောင်ကျန့်တို့မှလွဲ မည်သူမှမရှိတော့သဖြင့် တိတ်ဆိတ်မှုသာကြီးစိုးလျှက်ရှိကာ ရှောင်ကျန့်မှာလည်းအိပ်လိုက်စားလိုက်ဖြင့်သာနေရသဖြင့် ပျင်းရိလွန်းလှပီဖြစ်သည်။ နောက်နှစ်ရက်နေရင်တော့ သူတို့၏မြောက်ပိုင်းခရီးစဉ်စတင်တော့မည်ဖြစ်လေသည်။ ဒီနေ့လည်းဘာမှလုပ်စရာမရှိသည့်အတွက် အိပ်ဆောင်ထဲတွင် တစ်ယောက်တည်းပျင်းတိပျင်းရွဲလှဲနေတုန်း အထိန်းတော်ကြီး ရောက်လာကာ
"ကြင်ယာတော်ရှောင်ကျန့်အတွက် ဝမ်မင်းကြီး၏လျိုဝှက်အမိန့်တော်ရောက်နေပါတယ်...ကြင်ယာတော်ရှောင်ကျန့်လက်ခံဖို့ပြင်ဆင်ပါ"
လျိုဖန်းစကားအဆုံး အိပ်ယာပေါ်မှ ရှောင်ကျန့်မှာ အောက်သို့ဆင်းလိုက်ပီးသည်နှင့် ချက်ချင်းပင် ဒူးထောက်လိုက်ကာ
"အမိန့်တော်အားနာခံရန်အသင့်ပါ"
"ဝမ်မင်းကြီးမိန့်တော်မူသည်မှာ ကြင်ယာတော်ရှောင်ကျန့်အနေဖြင့် ဝမ်အင်ပါယာ၏ ကြင်ယာတော်တစ်ပါးဖြစ်သည့်အတွက် ဝမ်အင်ပါယာအတွက် ပေးဆပ်ရမည့်တာဝန်ရှိသည်။ ယခု အိမ်ရှေ့စံဝမ်ရိပေါ်၏ မြောက်ပိုင်းခရီးစဉ်အား ကျရောက်လာမည့်မမြင်ရနိုင်မည့် အန္တရာယ်များမှ ကြိုတင်ကာကွယ်ရန်အလို့ဌာ အိမ်ရှေ့စံထက်အရင် အရှေ့မှ မြောက်ပိုင်းခရီးအားသွားရမည်ဖြစ်သည်။ ထိုကဲ့သို့ သွားရာတွင်လမ်းခရီးတစ်လျှောက် ထိုခရီးစဉ်အား အိမ်ရှေ့စံ၏မြောက်ပိုင်းခရီးစဉ်အဖြစ်သတ်မှတ်သည်။ ဤခရီးစဉ်အား အိမ်ရှေ့စံအားအကြောင်းကြားစရာမလိုအပ် လျို့ဝှက်လုပ်ဆောင်ရမည်ဖြစ်သည်'
အမိန့်တော်များစွာဖတ်ပြခဲ့သည့်သက်တမ်းတစ်လျှောက် ယခုအမိန့်တော်သည်ကား လျိုဖန်းတစ်ယောက်အတွက်ရင်အနာရဆုံးပင်ဖြစ်သည်။ အိမ်ရှေ့စံအား အမြဲတစေသေချာပေါက် စောင့်ကြည့်နေမည်ဖြစ်သော ဝမ်မင်းကြီးမှ ယခုတော့လှုပ်ရှားလာခဲ့ပီမဟုတ်လား။ ရှောင်ဖေးအား အိမ်ရှေ့စံ၏ဘေးမှ ဖယ်ထုတ်ရန်စဉ်းစားနေယုံမက အကယ်၍များ လုပ်ကြံသူများရှိခဲ့ပါလျှင် စတေးပစ်လိုက်ရန်အစဉ်အစီရှိပုံရသည်။ ဝမ်မင်းကြီး၏လုပ်ရပ်သည်ကား အမှန်ပင်တစ်ချက်ခုတ် နှစ်ချက်ပြတ်ပြည့်စုံလွန်းလှသည်။ အိမ်ရှေ့စံအားမသိစေဘဲ ထိုကလေးအား ပို့ဆောင်ရတော့မည့်အရေးကို တွေးမိတော့လျိုဖန်းမှာ မျက်ရည်မဆည်နိုင်လောက်အောင်ဖြစ်ရလေသည်။ ထိုကလေးသည် အိမ်ရှေ့စံအတွက် တစ်ဦးတည်းသောလူသားမဟုတ်ပါလား။ ဘာအတွက်ကြောင့်များ ရှိနေသည့်တစ်ယောက်တည်းသောသူအား ယခုကဲ့သို့ ရက်ရက်စက်စက်ခွဲထုတ်ချင်နေရပါသနည်း။
YOU ARE READING
Except You
Fanfictionကျိုးနိုင်ငံမှ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်သော ကျိုးနိုင်ငံရဲ့အချစ်တော်လေးဖြစ်တဲ့ အလိုလိုက်ခံမင်းသားလေးကျန့်ကျန့်... အင်အားကြီးမားကာ လက်အောက်ခံနိုင်ငံတစ်ရာကျော်ရှိကာ ရက်စက်ကြမ်းကြုတ်ရာတွင်နာမည်ကျော်သော ဝမ်အင်ပါယာပြည့်ရှင်၏သားဖြစ်သူ အိမ်ရှေ့စံ...