Part 22 ထက်မြက်လွန်းသည့် အိမ်ရှေ့စံ/ထက်မြက်လွန်းသည့် အိမ်ရှေ့စံ

12.9K 1.3K 162
                                    

ZawGyi

စာကြည့်ဆောင်ထဲရှိ ဝမ်ရိပေါ်၏ပေါင်ပေါ်တွင် ထိုင်နေသည့် ရှောင်ကျန့်တစ်ယောက် ဘဝအတွက်အရေးကြီးလှသည့်ဆုံးဖြတ်ချက်တစ်ခုကိုချနေသည်။ နေ့လည်နေ့ခင်းဖြစ်သောကြောင့် အိပ်ငိုက်နေကြသည့် စာကြည့်ဆောင်မှ အထိန်းတော်များမှာတော့ ပျင်းပျင်းရှိလှသည်နှင့် ရှောင်ဖေး မည်သို့ဆုံးဖြတ်မည်ကို စိတ်ဝင်တစားလေ့လာနေမိကြသည်။

တကယ်ပါ ရှောင်ကျန့်ဘဝမှာ အခုလောက်အရေးကြီးပီး ခက်ခဲလွန်းသည့်ဆုံးဖြတ်ချက်မျိုးကို တစ်ခါမှမချဖူးခဲ့ချေ။ ဝမ်အင်ပါယာသို့ ကြင်ယာတော်အဖြစ်လာမည်ဟု ဆုံးဖြတ်ချက်ချလိုက်တုန်းကတောင် ယခုအခြေအနေလောက် အကျပ်အတည်းမဖြစ်ခဲ့။ အခုတော့သူ့မှာ အလွန်တစ်ရာမှ ရွေးချယ်ရခက်နေလေသည်။ ရှောင်ဖေးထံမှ တစ်ခုခုကိုစောင့်နေပုံရသည့် အိမ်ရှေ့စံတစ်ယောက်မှာတော့ စောင့်ရင်းစောင့်ရင်းနှင့် ထိုင်နေသည့်ခုံ၏လက်တန်းပေါ်တွင်လက်တစ်ဖက်ထောက်ကာ ခေါင်းမှီ၍ တစ်ချက်တစ်ချက်တောင် ငိုက်ကျနေပီဖြစ်သည်။ လုံးဝနီးပါး ခေါင်းငိုက်ကျသွားသည့် ဝမ်ရိပေါ်က ထိုအခါမှသာ သတိဝင်လာဟန်ဖြင့် သူ့ပေါင်ပေါ်မှ ယခုအချိန်ထိ ဝေခွဲ၌မရသေးဟန်တူသော ရှောင်ကျန့်အား

"ရှောင်ကျန့် ဒီတစ်သက် ကိုယ်တော်စားရဦးမှာလား?"

"ခဏလေး ခဏလေးနေရင်ကျွေးမယ် ခဏပဲစောင့်"

အခုနကတည်းက ဒီစကားကိုပဲပြောနေခဲ့သည့် ရှောင်ဖေးစကားကို မယုံကြည်သည့်အလား အိမ်ရှေ့စံကတော့ ခုံပေါ်လက်ပြန်ထောက်ကာ ပြန်ငိုက်တော့မည့်ပုံဖြစ်သည်။ ရှောင်ကျန့်မှာလည်း လက်ထဲမှ စပျစ်သီးနှစ်လုံးအားသေသေချာချာကို ပြန်လည်၍ကြည့်ရှုနေပြန်သည်။ ယခုအခြေအနေမှာ နေ့ခင်းအဆာပြေစားရန် အိမ်ရှေ့စံအတွက် ဆက်သထားသည့်စပျစ်သီးပန်းကန်အား ထုံးစံမပျက် ရှောင်ဖေးက မောင်ပိုင်စီးထားသဖြင့် အိမ်ရှေ့စံမှာ ရှောင်ကျန့်ဆီမှ ပြန်၍တောင်းစားနေခြင်းဖြစ်သည်။

မူရင်းအိမ်ရှေ့စံ၏မုန့်များဖြစ်သော်လည်း ပြန်ကျွေးရမည်ကို နှမြောတသဖြစ်နေသည့် ရှောင်ကျန့်မှာ နောက်ဆုံးတော့ အိမ်ရှေ့စံ၏ တစ်လုံးတည်းပဲ ကျွေးပါဟူသောစကားကြောင့် မကောင်းတတ်၍ ကျွေးရန်ပြင်ရလေတော့သည်။ ထိုကြောင့် ပန်ကန်းထဲရှိ စပျစ်သီးများထဲမှ အသေးဆုံးတစ်လုံးကိုရှာကြည့်သည့်အခါ တိုက်တိုက်ဆိုင်ဆိုင် အသေးဆုံးက နှစ်လုံးဖြစ်နေသည်။ ထို့ကြောင့် မည်သည့်အလုံးက ပို၍သေးသည်ကို ချိန်ဆကြည့်နေသော်ငြား မည်မျှပင် အချိန်ယူစေကာမူ စပျစ်သီးနှစ်လုံးစလုံးမှာ တစ်ရွယ်တည်းဖြစ်နေသည်ဟုသာအဖြေထွက်သည်။ ယခုရှောင်ကျန့်မှာ ထိုစပျစ်သီးနှစ်လုံးအား ရှေ့သို့တိုးကြည့်လိုက် တဖန်အနောက်ခပ်လှမ်းလှမ်းသို့ပြန် ဆုတ်၍ကြည့်လိုက်လုပ်နေသည်ကို မသိသည့်သူများအနေဖြင့် စိန်ကောင်းကျောက်ကောင်းအား မဝယ်ယူခင်စစ်ဆေးနေသည့်ပုံသဏ္ဍာန်လားဟုပင်ထင်ရသည်။ ဤသို့ဖြင့် နောက်ဆုံးတွင်တော့ မှန်ကန်သည် ဆုံးဖြတ်ချက်ချ၍ရသွားပုံရှိသည့် ရှောင်ကျန့်က စပျစ်သီးနှစ်လုံးထဲမှ တစ်လုံးအား ပါးစပ်ဖြင့်ကိုက်လိုက်ပီးမှ ငိုက်မြည်းနေသည့် ဝမ်ရိပေါ်ဘက်သို့လှည့်ကာ

Except You Where stories live. Discover now