Ch 1 ကြင်ယာတော်ခရီးစဉ်/ကြင်ယာတော်ခရီးစဉ်

25.1K 1.7K 124
                                    

ZawGyi

ဝမ်မင်းဆက်လက်ထက်..................

လက်အောက်ခံတိုင်းပြည်ရာနဲ့ချီရှိသည့် ဝမ်အင်ပါယာသည် အရှင်သခင်ဖြစ်သော ဝမ်အင်ပါယာပြည့်ရှင် ဝမ်မင်ရန် လက်ထက်တွင်မှ အိမ်နီးချင်းတိုင်းပြည်များအပါအဝင် အခြားဝေးလံသောအရပ်ဒေသများမှ တိုင်းပြည်ပေါင်းများစွာကိုလည်း တိုက်ယူသိမ်းပိုက်နိုင်ခဲ့သဖြင့် မူလကအခြားသောတိုင်းပြည်များကဲ့သို့သာမန်မျှသာရှိသော ဝမ်နိုင်ငံမှသည် အင်အားကြီးမားသော ဝမ်အင်ပါယာဖြစ်လာသည်အထိသာမက တရားဝင်ထိုအင်ပါယာကြီး၏မင်းဆက်အဖြစ် ဝမ်မင်းဆက်(Wang Dynasty) ဟုပါခေါ်ဝေါ်သုံးစွဲသည်အထိဖြစ်လာခဲ့သည်။ ဝမ်အင်ပါယာပြည့်ရှင် ထီးနန်းစိုးစံသည့် ရွှေနန်းတော်ကြီးသည်လည်း မြို့ကြီးတစ်ခုစာအကျယ်အဝန်းရှိကာ ထိုနန်းတော်ထဲမှ အပြင်သို့ထွက်ရန် အကောင်းမွန်ဆုံးသောမြင်းကိုအသုံးပြုလျှင်ပင် နေ့ဝက်မျှကြာမြင့်လေသည်။ ကြီးကျယ်ခမ်းနားမြင့်မြတ်လှသည့် ရွှေနန်းတော်ကြီး၏အမည်ကိုတော့ ချိုင်ဟုန်နန်းတော် ဟုအမည်ခေါ်တွင်စေခဲ့သည်။ အဓိပ္ပါယ်သည်ကား သက်တံ့နန်းတော် ဖြစ်ပီး သိမ်းပိုက်ထားသောလက်အောက်ခံနိုင်ငံများအားလုံးကို ကိုယ်စားပြုသည့်အနေဖြင့် မတူညီသောရောင်စဉ်များဖြစ်လင့်ကစား တစ်စုတစ်စည်းတည်းဖြစ်သောအခါ လှပသောအရာတစ်ခုဖြစ်ပေါ်လာစေရန် ရည်ရွယ်ပီးပေးခဲ့သည်ဟုဆိုသည်။ သို့သည်တိုင် ပြင်ပလောက၏ ပုံပြင်ဆန်ဆန်လော ကောလဟာလလော မသဲကွဲစွာ ပြောနေကြသည်တွေကတော့ သိမ်းပိုက်ထားသောလက်အောက်ခံနိုင်ငံများမှ စစ်ရှုံးရာတွင်ပေးရသည့်လျော်ကြေးနှင့် နှစ်စဉ်ဆက်သပေးအပ်ရသည့် တန်ဖိုးကြီးကာအရောင်အသွေးစုံလင်လှပသောရှားပါးကျောက်သံပတ္တမြားများဖြင့် ရွှေနန်းတော်ကြီးတစ်ခုလုံးအား စီခြယ်အလှဆင်ထားသဖြင့် ထိုရတနာများနေခ,ခံရသောအချိန်တွင်ထွက်ပေါ်လာသည့် ရောင်စဉ်အသွယ်သွယ်မှာ သက်တံ့အလားထင်ရသည့်အတွက် ထိုကဲ့သို့ ခေါ်ဝေါ်ကြသည်ဟူ၍ပင်ဖြစ်သည်။ ယင်းကဲ့သို့ပြောကြခြင်းမှာ အမှန်ပင်ဖြစ်နိုင်သောငြား မည်သူတစ်ဦးတစ်ယောက်မျှကတော့ ထုတ်ဖော်မပြောဝံ့။ အဘယ်ကြောင့်ဆိုသော် ဝမ်အင်ပါယာပြည့်ရှင်ဟူသည် သုံးလောကတွင်အရက်စက်ဆုံးသူဟုခေါ်ဝေါ်သမုတ်ကြသည်အထိ ရက်စက်သူတစ်ယောက်ပင်မဟုတ်ပါလော။ ထိုကြောင့် မည်သူတစ်ဦးတစ်ယောက်ကမျှ သူတို့၏အဖိုးတန်သော ဦးခေါင်းလေးမပြုတ်ရန်အလို့ဌာ ထိမ်းသိမ့်စောင့်ရှောက်ချင်ကြသည်လေ။ နန်းဆိုက်ရာရွှေမြို့တော်၏ အမည်မှာတော့ ပိုင်ထျန်း ဖြစ်ပီး ခေတ်အဆက်ဆက်မင်းဆက်လက်ထက်တွင်တော့ အကြီးကျယ်ဆုံးနှင့်အခမ်းနားဆုံးသောမြို့ဖြစ်သည်။ ရွှေမြို့တော်ဟူသည့် ဂုဏ်အဂါင်္နှင့်အညီ နေ့စဉ်နှင့်အမျှ အနယ်နယ်အရပ်ရပ်မှ စီးပွားရေးကုန်သည်များနှင့် ကုန်စည်ကူးသန်းသူများမှာ ခြေချင်းလိမ်မတတ်လှုပ်ရှားသွားလာကာနေကြသဖြင့် မြို့တော်လမ်းမတွေဟာဖြင့် ရှည်လျားထွေပြားကာ အမြဲတစေစည်ကားနေကြသည်။
-------------------------------------------------------
ချိုင်ဟုန်နန်းတော်...........................

Except You Where stories live. Discover now