ZawGyi
ဒီနေ့ ဝမ်ရိပေါ်ကြီးအလုပ်မအားဘဲ ဘာတွေလည်းမသိ ရှုပ်ရှက်ခက်နေသဖြင့် အလိုက်သိသည့်ရှောင်ကျန့်လေးမှာ စာကြည့်ဆောင်တွင် မနေဘဲ ဟိုဟိုဒီဒီသာလျှောက်သွားနေမိသည်။ အမှန်တော့ ဝမ်အင်ပါယာသို့ရောက်ကတည်းက အခုအချိန်ထိ ဒီနယ်စပ်တပ်စခန်းထဲမှာသာ နေနေရသည်ကို ရှောင်ကျန့် အလွန်ပင်စိတ်ပျက်နေပီဖြစ်သည်။ ကျိုးနိုင်ငံမှာတုန်းက နေ့စဉ်နဲ့အမျှ လျှောက်သွားနေခဲ့သည့်သူက ယခုတော့ အချုပ်ကျသကဲ့သို့ဖြစ်နေသည်မဟုတ်လား။ ပျင်းပျင်းရှိနေသည်နှင့် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်လုပ်နေတုန်း အရှေ့ခပ်လှမ်းလှမ်းတွင် ဝမ်ရိပေါ်ရဲ့မယားလေးကိုတွေ့လိုက်ရသဖြင့် သူလည်းအနောက်မှလိုက်သွားကာ
"ကလေးမ ဘယ်သွားမလို့လဲ"
"ဘယ်သွားသွားပေါ့"
"အဲဒါဆို ငါလည်းလိုက်မယ်"
"ဘယ်သွားမယ်ဆိုတာကိုသိလို့ လိုက်မယ်ပြောနေရတာလဲ?"
"မသိဘူး ဘယ်သွားသွား လိုက်မယ်။ ငါပျင်းနေလို့"
ဤသို့ဖြင့် တပ်စခန်းအနောက်ဘက်ရှိ အပင်ကြီးများရှိရာနေရာတွင် သူတို့နှစ်ယောက်ထိုင်နေကြရင်း ရှောင်ရှင်း၏ အထိန်းတော်ယူလာပေးသည့်မုန့်ကို ရှောင်ကျန့်တစ်ယောက် ထိုင်စားနေရင်းမှ
"ရှောင်ရှင်း ဒီမှာနေရတာ နင်မပျင်းဘူးလား?
"ကျွန်မ နန်းတော်ထဲမှာ နေခဲ့တာနဲ့ ဘာမှသိပ်မကွာဘူး"
"ဒါဆို နင်နေခဲ့ရတာက တော်တော် ပျင်းစရာကောင်းမှာပဲ"
"နန်းတော်ထဲက ဘဝတွေကအားလုံးအတူတူပဲမဟုတ်ဘူးလား? ရှောင်ဖေးကရော ဘယ်လိုနေခဲ့လို့လဲ?"
"ငါလား? ငါကတော့ သူများနဲ့မတူဘူးပေါ့။ အားလုံးက ရွေးချယ်လို့ရပါတယ်။ ငါကနေ့တိုင်း ငါလုပ်ချင်တာ လုပ်ပီးပဲနေခဲ့တာ။ ငါတို့နိုင်ငံက ကုန်စည်ကူးသန်းရောင်းဝယ်ရေးအချက်အချာကျတယ်လေ။ အဲဒီတော့နေရာဒေသအစုံက လူတွေကအရောင်းအဝယ်အတွက်လာကြတယ်။ အဲ့လိုလူတွေနဲ့လိုက်ပီး သူတို့လာခဲ့တဲ့နေရာတွေမှာကြုံဖူးခဲ့ကြတဲ့အကြောင်းတွေ ဟိုအကြောင်းဒီအကြောင်းတွေကို နားထောင်ရတာစိတ်ဝင်စားတယ်။ နောက်ပီး နယ်အလှည့်လိုက်လံ ကပြတဲ့ဇာတ်သဘင်တွေ ပုံပြင်ပြောပြတဲ့သူတွေ ကပြဖော်ဖြေမှုတွေ အဲဒါတွေအကုန်လုံးလိုက်ကြည့်ရတာကိုလည်းဝါသနာပါတယ်။ အစားတွေလည်း အစုံလျှောက်စားရင်းပေါ့"
YOU ARE READING
Except You
Fanfictionကျိုးနိုင်ငံမှ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်သော ကျိုးနိုင်ငံရဲ့အချစ်တော်လေးဖြစ်တဲ့ အလိုလိုက်ခံမင်းသားလေးကျန့်ကျန့်... အင်အားကြီးမားကာ လက်အောက်ခံနိုင်ငံတစ်ရာကျော်ရှိကာ ရက်စက်ကြမ်းကြုတ်ရာတွင်နာမည်ကျော်သော ဝမ်အင်ပါယာပြည့်ရှင်၏သားဖြစ်သူ အိမ်ရှေ့စံ...