ZawGyi
မြောက်ပိုင်းနယ်စပ်မြို့တွင် စုံစမ်းစရာရှိသည်များကို နှစ်ရက်သုံးရက်ခန့်နေ၍ စုံစမ်းပီးသည့်အခါ နယ်စပ်တပ်စခန်းသို့ ခရီးဆက်သွားကြသည်။ ထိုနေရာတွင် တစ်ရက်ခန့်သာနေပီး ရောက်ရှိနေပီဖြစ်သော ကြင်ယာတော်များကိုခေါ်ပီးသည်နှင့် ပိုင်ထျန်းမြို့တော်သို့ပြန်လာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ယခုဖြစ်ပေါ်နေသည့် အခြေအနေအရ ဝမ်အင်ပါယာကို ဒုက္ခပေးမည့်သူတွေရှိနေပီမဟုတ်လား။ ထို့ကြောင့် ၎င်းကိစ္စများကို ဖြေရှင်းရန်နန်းတော်သို့အမြန်ရောက်ရန်လိုအပ်ပေသည်။ ရက်ဆက်ခရီးဆက်လာရသည်ဖြစ်သောကြောင့် ဝမ်ရိပေါ်မှာ ရှောင်ကျန့် ပင်းပန်တာသက်သာစေရန်အလို့ဌာ မြင်းမစီးခိုင်းတော့ပဲ လှည်းဖြင့်သာလိုက်ပါစေသည်။
"ဝုန်း"
ဝမ်ရိပေါ်မှာ သူ၏စီးတော်မြင်းဖြင့် ရှေ့ဆုံးမှဦးဆောင်ကာသွားနေတုန်း အနောက်ဘက်မှထွက်ပေါ်လာသည့်အသံကြောင့် မြင်းကိုရပ်လိုက်ပီး
"လျိုဖန်း ဘာဖြစ်ပြန်ပီလဲ?"
"ရှောင်ဖေး ပါပဲ အိမ်ရှေ့စံ....အခုနကလိုပဲ အိပ်ပျော်နေရင်း ထိုင်ခုံပေါ်ကပြုတ်ကျပြန်တာပါ"
လှည်းဖြင့်လိုက်ပါလာသည့် ရှောင်ကျန့်က ထိုင်နေရာမှ အိပ်ငိုက်ပီး မကြာခဏ ကြမ်းခင်းပေါ်သို့ပြုတ်ကျသဖြင့် နောက်ဆုံးတော့ ဝမ်ရိပေါ်မှာ မြင်းပေါ်ကဆင်းလိုက်ပီး
"ယွီပင်း မြင်းထိန်းခေါ်ပီး ကိုယ့်တော့်မြင်းကို ခေါ်လာခိုင်းလိုက်။ ကိုယ်တော်က ရှောင်ဖေးနဲ့ပဲလိုက်ခဲ့တော့မယ်"
"အမိန့်တော်အတိုင်းပါ"
ရှောင်ကျန့်ရှိနေသည့် လှည်း၏လိုက်ကာကိုဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည်မှာ လှည်း၏ကြမ်းခင်းပေါ်တွင် ခန္ဓာကိုယ်တစ်ဝက်ကကျနေကာ ခြေထောက်များမှာတော့ ခုံပေါ်သို့ရောက်နေသည့် ကလေးပေါက်မှာ ထိုပုံစံအတိုင်းပင်ပြန်လည်ကာအိပ်နေသဖြင့် ဝမ်ရိပေါ်မှာ ထိုကောင်လေးအား ထိုင်ခုံပေါ်သို့အကျအန ပြန်ချီတင်ပေးလိုက်ပီး ဘေးတွင်သူပါဝင်ထိုင်လိုက်သည်။ ထို့နောက်ကလေးပေါက် အိပ်ရတာသက်တောင့်သက်သာဖြစ်စေရန်အတွက် သူ၏ရင်ခွင်ထဲသို့ဆွဲသွင်း၍ဖမ်းထိန်းထားပေးလိုက်သည်။
YOU ARE READING
Except You
Fanfictionကျိုးနိုင်ငံမှ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်သော ကျိုးနိုင်ငံရဲ့အချစ်တော်လေးဖြစ်တဲ့ အလိုလိုက်ခံမင်းသားလေးကျန့်ကျန့်... အင်အားကြီးမားကာ လက်အောက်ခံနိုင်ငံတစ်ရာကျော်ရှိကာ ရက်စက်ကြမ်းကြုတ်ရာတွင်နာမည်ကျော်သော ဝမ်အင်ပါယာပြည့်ရှင်၏သားဖြစ်သူ အိမ်ရှေ့စံ...