Part-1

21.8K 994 6
                                    

Zawgyi
"ငါ့​မြေး​လေးက တာဝန်​မဲ့တဲ့သူ မဟုတ်​ပါဘူး သူ​ပြောတဲ့စကားကို သူတည်​ပါတယ်​ အခုလဲသူ့မှာကိစ္စ​လေး​တွေရှိ​နေ​သေးလို့ပါ"

"ဥက္ကဋ္ဌဝမ်​ရဲ့ ​မြေးဖြစ်​သူက လက်​ထပ်​ဖို့ အရွယ်​ရောက်​နေပါပြီ"

"ဟုတ်​တယ်​ ဥက္ကဋ္ဌဝမ်​ရဲ့ ​မြေးဆီမှာ လက်​ရှိတွဲ​နေတဲ့ သူရှိတယ်​လို့ကြားမိပါတယ်​"

အမျိုး​တွေရဲ့ တစ်​ယောက်​တစ်​ပေါက်​ ​ပြောသံ​တွေ​ကြောင့်​ ဝမ်​ဘွားဘွား​ခေါင်းကိုက်​နေ​လေပြီ။ ​မြေးဖြစ်​သူကလည်း အခုထိ​ရောက်​မလာ​သေး။ ဒင်းမလာမချင်း ဒီအသံ​တွေ ရပ်​သွားမယ့်​ပုံမ​ပေါ်။
ထိုအချိန်​ အခန်းတံခါးဝဆီမှ

"Yo......what's up ကျွန်​တော်​နောက်​ကျသွားတယ်​ထင်​တယ်​။ ကျွန်​တော်​က​တော့ ဝမ်​မိသားစုရဲ့ ၂၁ဆက်​မြောက်​မြေးဖြစ်​သူ ဝမ်​ရိ​ပေါ်ပါ။ ဒီနှစ်​တွေအတွင်းမှာ ဘွားဘွားတည်​ထောင်​ခဲ့တဲ့ wang groupကို ကမ္ဘာကသိ​အောင်​ လုပ်​နိုင်​ခဲ့ပြီး နိုင်​ငံ​တော်​တော်​များများမှာ ရုံးခွဲ​တွေဖွင့်​နိုင်​ခဲ့သလို စ​တော့ရှယ်​ယာ​ဈေးကွက်​ကိုလည်း ငါးဆတိုးတက်​အောင်​ ကျွန်​တော်​လုပ်​ဆောင်​ခဲ့တာကို အားလုံးလဲသိပြီးသားဖြစ်​မှာပါ။ ဒါနဲ့ဦး​လေးတို့ တာဝန်​ယူ​နေတဲ့ ရုံးခွဲ​တွေ​ရော အဆင်​ပြေရဲ့လား"

ရိ​ပေါ်စဝင်​လာထဲက ငြိမ်​ပီးနား​ထောင်​နေတဲ့ အမျိုးတစ်​စု သူ့ရဲ့ မူပိုင်​တစ်​ခြမ်း​စောင်းအပြုံးပြုံးပြီး​ ​မေးလိုက်​တဲ့​ ​နောက်​ဆုံးစကား​ကြောင့်​ လှုပ်​လှုပ်​ရှားရှားဖြစ်​ကုန်​ကြသည်​။

"အခု အားလုံးက ကျွန်​တော့ရဲ့ မင်္ဂလာကိစ္စကို စိတ်​ပူ​နေကြ​တယ်​ထင်​တယ်​။ ဒီနှစ်​အတွင်းမှာပဲ ကျွန်​တော့်​ရဲ့ ချစ်​သူနဲ့ လက်​ထပ်​ပွဲကျင်းပ​တော့မှာမို့လို့ ဒီကိစ္စကို ထပ်​ပြီးစိတ်​ပူစရာ မလို​တော့ပါဘူး"

စကားအဆုံးမှာ ဘွားဘွားက မယုံသလိုကြည့်​လာတာမို့ ရိ​ပေါ်မျက်​လုံးတစ်​ဖက်​မှိတ်​ပြလိုက်​ပြီး

"ကျွန်​တော်​တော်​တယ်​မလား ဘွားဘွား"

"မင်း​ပြောပုံအရဆို ဟိုမိန်းက​လေးက ပြန်​လာ​တော့မယ်​ပေါ့ဟုတ်​လား"

Fated To Love You[Completed]Where stories live. Discover now