Zawgyi
"ကျန့်ကျန့် ပြန်တော့မလို့လား ကိုယ်လိုက်ပို့ပေးမယ်လေ"
"ရပါတယ် မျက်စောင်းထိုးလေးတင်ကို"
"ဒါပေမယ့် ကိုယ်က..."
"လုံလုံလေး ကောကောပြန်တော့မယ်နော် တာ့တာ"
လုံလုံလေးကို နှုတ်ဆက်ပြီးတာနဲ့ အိမ်ထဲက အမြန်ထွက်လာခဲ့လိုက်သည်။ ဒီလူက ကျောင်းမှာထဲက ရှောင်းကျန့်ကို သိသိသာသာ လိုတာထက်ပိုပြီး အရေးပေးနေတာကြောင့် ရှောင်းကျန့်အနေနဲ့ သဘောမကျလှ။ ပေါ်တင် ချစ်ရေးဆိုလာတုန်းကလည်း တစ်ခါထဲ အပြတ်ငြင်းပြီးသား။ စီနီယာ ဂျူနီယာဖြစ်နေတာကြောင့် ရိုရိုသေသေဆက်ဆံ ရပေမယ့်လည်း ခပ်တန်းတန်းသာနေဖြစ်သည်။
အိမ်နားကိုပြောင်းလာတယ်ဆိုတုန်းက စိတ်ညစ်ပေမယ့် ကျန်းဝေကောကို ဝမ်ရိပေါ် သဘောမကျမှန်းသိ၍ တမင်အရွဲ့တိုက်ကာ ရင်းရင်းနှီးနှီးနေဖြစ်သည်။ အတ္တကြီးလွန်းတဲ့ ဝမ်ရိပေါ်ကို သဝန်တိုရတဲ့ ခံစားချက်ကို နည်းနည်းလောက်ဖြစ်ဖြစ် ခံစားကြည့်စေချင်သည်။
ယန်လီပြောပြလို့ ဝမ်ရိပေါ်နဲ့ချင်ယွဲ့ ဘာမှမပတ်သတ်ကြောင်း သိခဲ့ရပေမယ့် ဖုန်းထဲက ပုံရိပ်တွေကို ပြန်မြင်ယောင်တိုင်း နာကျင်နေမိဆဲ။ ကိုယ်ချစ်ရတဲ့သူနဲ့ တခြားသူတစ်ယောက်ကို အဲ့လိုအခြေအနေမျိုး နဲ့တွဲပြီးမြင်ရတာလောက် ရင်နာဖို့ကောင်းတာမရှိ။ တကယ်လို့ အဲ့ဒီအခြေအနေသာ တကယ်ဖြစ်သွားခဲ့ရင်.....ဘာဆက်ဖြစ်မလဲ ရှောင်းကျန့်မတွေးရဲဘူး။
"တော်တော်မှ ပျော်ခဲ့ရဲ့လား ရှောင်းကျန့်"
ကိုယ့်အတွေးနဲ့ကိုယ် အိမ်ထဲဝင်လာရင်း ကြားလိုက်ရတဲ့ အသံကြောင့် မသိမသာ တုန်တက်သွားသည်။ အသံလာရာကို လှမ်းကြည့်လိုက်တော့ ဧည့်ခန်းထဲမှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ ဝမ်ရိပေါ်။ အခုရက်ပိုင်း အရင်လို ကုမ္ပဏီပြန်သွားနေပြီမို့ ဒီလိုအချိန်ဆို အိမ်မှာမရှိတတ်ပေမယ့် ဒီနေ့မှ ထူးထူးခြားခြား အိမ်မှာရှိနေသည်။
YOU ARE READING
Fated To Love You[Completed]
RomanceZawgyi ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော...... Unicode ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော......