Zawgyi
"မင်းလုပ်နိုင်ပါတယ်ရှောင်းကျန့် ဖိုက်တင်း"ရှောင်းကျန့်အရှေ့က မြင်နေရတဲ့ 5 starsအဆင့်ရှိ ဟိုတယ်ကိုကြည့်ပြီး ခပ်တိုးတိုး ရေရွတ်မိသည်။အထဲကိုရောက်တော့ မြင်ရသည့် မြင်ကွင်းကြောင့် ကိုယ့်မျက်လုံးတောင် ကိုယ်မယုံချင် ဖြစ်သွားရသည်။ ဒီလိုခမ်းနားတဲ့ပွဲမျိုးကို အခုမှ တက်ဖူးသည်မို့ အရာအားလုံးက ရှောင်းကျန့်အတွက် အထူးအဆန်းပင်။
အထက်တန်းလွှာ အများစု တက်ရောက်တဲ့ ပွဲဖြစ်တာကြောင့် ရှောင်းကျန့်မြင်သမျှကို ပါးစပ်အဟောင်းသားနဲ့ လိုက်ငေးနေမိသည်။ ရှောင်းကျန့်အခုရောက်နေတာက ကုမ္ပဏီတစ်ခုရဲ့ ညစာစားပွဲ။
တိတိကျကျပြောရရင် wang groupဦးဆောင်ကျင်းပတဲ့ပွဲ။ ဒါတင်မက ဒီပွဲမှာပဲ wang groupရဲ့ ဒုဥက္ကဋ္ဌဖြစ်တဲ့ ဝမ်ရိပေါ်က သူ့ရဲ့ဇနီးလောင်းကိုပါ ပွဲထုတ်မည်ကြားသည်။
ရှောင်းကျန့်ရဲ့ တစ်ဦးထဲသော သူဋ္ဌေးဖြစ်သူရဲ့ 'ဒုဥက္ကဋ္ဌဝမ်ရိပေါ်ရဲ့ မင်္ဂလာပွဲသတင်းကို တစ်ခြားသတင်းသမားတွေထက် အရင်မယူလာနိုင်ရင် အလုပ်ထွက်' ဆိုတဲ့စကားတစ်ခွန်းနဲ့တင် ရှောင်းကျန့်ဒီပွဲမှာ မျက်စိသူငယ်နားသူငယ်နဲ့ ရောက်နေရသည်။
ရှောင်းကျန့်ငယ်ငယ်ထဲက သတင်းထောက်လုပ်ရတာ ဝါသနာပါတာကြောင့် ဘွဲ့ရပြီးတာနဲ့ အခုလုပ်နေတဲ့ သတင်းဌာနတွင် အလုပ်ဝင်ဖြစ်သည်။ အရင်ကဆို ရှောင်းကျန့်က editorနေရာက လုပ်ရတာဖြစ်ပေမယ့် အခုတစ်ခေါက်တော့ ကိုယ်တိုင်သတင်းလာယူနေရသည်။
အခုလိုအပြင်မှာ ကိုယ်တိုင်သတင်းထွက်ယူရတာ ပထမဆုံးဖြစ်တာကြောင့် စိတ်လှုပ်ရှားသလို အရမ်းလည်း တက်ကြွနေမိသည်။ ဒီကိစ္စသာအောင်မြင်ရင် သူဋ္ဌေးဆီက ချီးကျူးစကားအပြင် ကံကောင်းရင် bonusတောင် ရဦးမှာ။
ရှောင်းကျန့်မြင်သမျှကို လိုက်ငေးနေရင်း ရှေ့ကဖြတ်သွားတဲ့ waiterလေးကိုင်ထားတဲ့ ဗန်းထဲက ဝိုင်တစ်ခွက်ကို လှမ်းယူလိုက်သည်။
YOU ARE READING
Fated To Love You[Completed]
RomanceZawgyi ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော...... Unicode ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော......