Part-13

9.3K 793 34
                                    

Zawgyi
ပေကျင်း​က​နေ ၅နာရီကြာ​လေယာဉ်​စီးပြီးတဲ့​နောက်​ sanya phoenix​လေဆိပ်​ကို​ ​ရောက်​တော့ ည​နေပင်​ ​စောင်း​နေ​လေပြီ။ ခရီး​ဝေး သွား​လေ့သွားထမရှိတဲ့​ ​ရှောင်းကျန့်​ပင်​ပန်းမှာစိုးတာ​ကြောင့်​ ​လေဆိပ်​နားက စား​သောက်​ဆိုင်​တစ်​ခုမှာ ညစာစားပြီး ယွီပင်းစီစဉ်​ထားတဲ့ ကားနဲ့သာ ကျွန်းကို ဆက်​သွားရသည်​။ ကားစထွက်​ပြီးမကြာခင်​ အိပ်​ပျော်​သွားတဲ့​ရှောင်းကျန့်​က ကျွန်းကို​ရောက်​တဲ့အထိ မနိုး​သေးတာ​ကြောင့်​ luggage​တွေကို ဟိုတယ်​ကဝန်​ထမ်း​တွေကို သယ်​ခိုင်းပြီး အိပ်​မောကျ​နေတဲ့​ ​ရှောင်းကျန့်​ကို​ပွေ့ချီလိုက်​တော့ အရင်​တစ်​ခါကနဲ့မတူစွာ ခပ်​နင့်​နင့်​ဖြစ်​လာတဲ့ ခန္ဓာကိုယ်​လေး​ကြောင့်​ ခါးကမျက်​ခနဲ။

အခန်းထဲ​ရောက်​တော့​ ​မွေ့ယာ​ပေါ်အသာတင်​ပေးလို့ မျက်​သွားတဲ့ခါးကို နှိပ်​နေတုန်း နိုးလာတဲ့​ရှောင်းကျန့်​က မျက်​လုံးနှစ်​ဖက်​ကိုပွတ်​နေရင်း ရိ​ပေါ်ကိုမြင်​တော့မှ အလန့်​တကြား ထထိုင်​လို့​မေးလာသည်​။

"ဝမ်​ရိ​ပေါ် ကျွန်​တော်​အကြာကြီး အိပ်​ပျော်​သွားတာလား ဟိုတယ်​တောင်​ရောက်​နေပြီ"

"မကြာပါဘူး ၁နာရီ​လောက်​ပဲ"

ခါးကိုအသာနှိပ်​နေရင်း ပြန်​ဖြေလိုက်​တော့ အခုမှရိ​ပေါ်အ​ခြေအ​နေကို သတိထားမိသွားတဲ့​ ​ရှောင်းကျန့်​က

"မဟုတ်​မှ...ကျွန်​တော့ကို ဝမ်​ရိ​ပေါ်ချီလာတာလား နှိုးလိုက်လဲရတာကို"

"​ဟောဗျာ...ခင်​ဗျား​လေးက နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​ပျော်​နေ​တော့ ကိုယ်​က ဘယ်​လိုနှိုးရက်​မှာလဲ ဒါနဲ့​နေပါဦး ကိုယ်​က တစ်​ခြားသူကို မင်းကိုချီလာခိုင်းမယ်​လို့ထင်​နေတာလား...ဟင်​"

ရှောင်းကျန့်​မျက်​နှာနားကို အတင်းတိုးကပ်​လာပြီး မျက်​နှာချင်းထိလုမတတ်​အ​ခြေအ​နေနဲ့​ ​မေးလာတဲ့ ဝမ်​ရိ​ပေါ်က​ ​ရှောင်းကျန့်​မျက်​လုံးကိုစိုက်​ကြည့်​နေရာက​နေ အကြည့်​တို့က တစ်​ဖြည်းဖြည်း​အောက်​လျှောကာ​ ​ရှောင်းကျန့်​နှုတ်​ခမ်းကို စူးစိုက်​ကြည့်​ရင်း​ ​ရှေ့တိုးလာတာ​ကြောင့်​ ​ယောင်​ယမ်းစွာ မျက်​လုံးဝန်းတို့မှိတ်​ချမိ​တော့​ ​ရှောင်းကျန့်​မျက်​နှာကိုလက်​နှစ်​ဖက်​ဖြင့်​အုပ်​ကိုင်​ကာ နှာ​ခေါင်းချင်း ပွတ်​တိုက်​ကျီစယ်​လာသည်​။

Fated To Love You[Completed]Where stories live. Discover now