Part-2

11.9K 786 8
                                    

Zawgyi
လေယာဉ်​​ပေါ်က ဆင်းတာနဲ့ အပြင်​က အပူရှိန်​ကြောင့်​ သူမ မျက်​မှောင်​ကျုံ့လိုက်​ပြီး အိတ်​ထဲက မျက်​မှန်​ကို ထုတ်​တပ်​လိုက်​သည်​။ ပစ္စည်း​တွေယူပြီးတာနဲ့​ ​လေဆိပ်​ထဲမှာ သူမကိုလာကြိုမယ့်​သူကို ရှာမ​တွေ့တာ​ကြောင့်​ ကားပါကင်​ဘက်​ကို​ ​လျှောက်​လာရင်း ရင်းနှီး​နေတဲ့ ကားနံပါတ်​ကြောင့်​ ကားတံခါးဖွင့်​ပြီး ဝင်​ထိုင်​လိုက်​တော့

"​ဟေ့ မိန်းက​လေး ဘာလုပ်​တာလဲ ဒါtaxiမဟုတ်​ဘူး"

"taxiမဟုတ်​မှန်း သိတယ်​လေ"

"သိရင်​ဘာကိစ္စနဲ့ဝင်​ထိုင်​တာလဲ ငါ့ကိုကြိုက်​လို့ဇာတ်​လမ်းထွင်​ချင်​ရင်​လည်း တခြားနည်းလမ်းသုံး​ပါလား ဒီနည်းကရိုး​နေပြီ"

"ဘာရယ်​.....ဘာရယ်​ ရှင့်​လို တစ်​ပတ်​လောက်​ မစားမ​သောက်​ရလို့ လူတကာကို ရန်​ပတ်​လုပ်​နေတဲ့ ရှစ်​ခေါက်​ချိုးမျက်​နှာကို ကြိုက်​စရာလား​ ​ပြောရဲလိုက်​တာ ရှင့်​အိမ်​မှာ မှန်​မရှိဘူးလား"

"အဲ့ဒါဆိုလဲ ဘာကိစ္စ ငါ့ကားထဲကို ဝင်​ထိုင်​တာလဲ"

"ရှင့်​ကို ရိ​ပေါ်လွှတ်​လိုက်​တာ မဟုတ်​ဘူးလား"

"ရိ​ပေါ်ကိုသိ​နေတယ်​ဆို​တော့ မဟုတ်​မှ မင်းကရိ​ပေါ်ရဲ့ချစ်​သူ ယန်​လီဆိုတာလား ရိ​ပေါ်​တော့ ဘာကြည့်​ကြိုက်​လဲ စဉ်းစားမရဘူး"

"ရှင်​ဘာစကား​ပြောတာလဲ​ ​တော်​ပြီ​ ​တော်​ပြီ ရှင်​နဲ့စကား​ပြောချင်​စိတ်​ မရှိ​တော့ဘူး အပြင်​မှာ ကျွန်​မluggageရှိတယ်​ အဲ့တာသယ်​ပေးဦး"

ကျိုးချန်​မသယ်​ပေးနိုင်​ကြောင်း​ပြောရန်​ လှည့်​ကြည့်​လိုက်​တော့​ ကား​နောက်​ခုံကိုမှီပြီး မျက်​လုံးမှိတ်​ထားတဲ့သူမ​ကြောင့်​ ကားအပြင်​က luggageကိုသာကား​နောက်​ဖုံးထဲ သွားထည့်​လိုက်​သည်​။ သူလဲခရီးပန်း​နေမှာ​ပေါ့။

~~~~~~~~

ရှောင်းကျန့်​မန်​နေဂျာယွဲ့ကို အကျိုးအ​ကြောင်း​ပြောပြပြီး​ ​တောင်းပန်​လိုက်​ရသည်​။ ဝယ်​လာတဲ့မုန့်​တွေ အနည်းငယ်​တော့ ပုံပျက်​သွားသည်​ကိုး။

Fated To Love You[Completed]Where stories live. Discover now