Part-18

8.5K 701 46
                                    

Zawgyi

ရိ​ပေါ် ရှန်​ဟိုင်းက​နေ​ ​ပေကျင်းကိုပြန်​လာမယ့်​နေ့က​ ​နေ့လည်​ပိုင်း အစည်းအ​ဝေးတစ်​ခုရှိတာမို့ အစည်းအ​ဝေးတက်​ပြီးတာနဲ့ ညဘက်​flightနဲ့ပြန်​မယ်​စီစဉ်​ထား​ပေမယ့်​ အစည်းအ​ဝေးက​ ​တော်​တော်​နှင့်​မပြီးတာ​ကြောင့်​ ည​နေအချိန်​လောက်​မှ ဟိုတယ်​ကိုပြန်​ရောက်​သည်​။

လေယာဉ်​အချိန်​ကလည်း လို​သေးတာမို့​ ​ရေချိုးရန်​ပြင်​ပြီးခါမှ အရမ်းအိပ်​ချင်​လာတာ​ကြောင့်​ ​ဘောင်းဘီရှည်​ပြန်​ဝတ်​ပြီးသာ အိပ်​လိုက်​တော့သည်​။ အိပ်​နေရင်း စကားသံ​တွေလိုလို ကြားရတာ​ကြောင့်​ ​လေးလံ​နေတဲ့မျက်​လုံးကို ဖွင့်​ကြည့်​တော့ ရိ​ပေါ်အခန်းထဲမှာ ချင်​ယွဲ့နဲ့တခြား​ယောကျာင်္း တစ်​ယောက်​က​ရောက်​နေသည်​။

"မင်းတို့ ငါ့အခန်းထဲ ဘာဝင်​လုပ်​တာလဲ"

"အာ...ဝမ်​နိုးလာပြီလား ချင်​ယွဲ့က ရှန်​ဟိုင်း​ကိုအလည်​လာရင်း ဝမ်​လဲရှန်​ဟိုင်းကို​ရောက်​နေတယ်​ကြားလို့ ဝင်​နှုတ်​ဆက်​တာ ဝမ်​က အိပ်​နေတာနဲ့ မနှိုးရက်​လို့ နိုးလာတဲ့အထိ ထိုင်​စောင့်​နေတာ"

ဝမ်​က ချင်​ယွဲ့ကို မယုံသလို ကြည့်​နေတာ​ကြောင့် ​ဘေးမှာရပ်​နေတဲ့ ရှင်းဟန်​ရဲ့လက်​မောင်းကို တွဲခိုရင်း

"သူက ချင်​ယွဲ့ရဲ့ချစ်​သူ ရှင်းဟန်​လေ ဝမ်​စိတ်​ချပါ ချင်​ယွဲ့အခုလာတာက သူငယ်​ချင်းတစ်​ယောက်​အ​နေနဲ့ ရိုးရိုးသားသားနှုတ်​ဆက်​ချင်​လို့ပါ"

ချင်​ယွဲ့ စကား​တွေကို အလုံးစုံမယုံ​ပေမယ့်​ ဆက်​မေး​နေရင်​ အချိန်​တွေကြာသွားမှာ စိုးတာ​ကြောင့်​ အမြန်​ပြန်​ခိုင်းလိုက်​သည်​။ နာရီကိုကြည့်​တော့​ ​လေယာဉ်​ချိန်​ကျော်​နေပြီမို့​ ​နောက်​ထပ်​လေယာဉ်​ချိန်​ကိုသာ​စောင့်​ပြီး​ ​ပေကျင်းကိုအ​ပြေးလာရသည်​။ အခုအချိန်​လောက်​ဆို ဗိုက်​ပူလုံး​လေးက​ ​စောင့်​ရတာကြာလို့ ရိ​ပေါ်ကို စိတ်​ကောက်​နေ​တော့မှာ....

______________

"​ပြေလည်​အောင်​ ညှိုနှိုင်းကြပါဦး"

ဝမ်​ဘွားဘွားရဲ့ ခရီးကပြန်​ရောက်​ရောက်​ချင်း​ ​ပြောတဲ့စကား။ ​ရှောင်းကျန့်​မျက်​စိနဲ့ တပ်​အပ်​မြင်​ခဲ့ပြီးပြီပဲ။ ဘာ​တွေများ ထပ်​ပြီး ညှိုနှိုင်း​နေရဦးမှာလဲ။ သစ္စာ​ဖောက်​ခံရတာက​ ​ရှောင်းကျန့်​ဖြစ်​ပေမယ့်​ လူ​တွေက ဘာ​ကြောင့်​များ​ ​ရှောင်းကျန့်​ကို​ ​ခေါင်းမာတယ်​လို့​အမည်​တပ်​ပြီး နားချချင်​နေကြတာလဲ။ အဟက်​....ရီ​တော့ရီရသား...

Fated To Love You[Completed]Where stories live. Discover now