Part-17

8.4K 676 35
                                    

Zawgyi

"ရိ​ပေါ်..မနက်​ဖြန်​ ပြန်​လာမယ်​မလား"

"ဘာဖြစ်​လို့လဲ ကျန့်​ရဲ့ ကိုယ်​ဒီမှာ လုပ်​စရာ​လေး​တွေမပြတ်​သေးလို့"

"ဝမ်​ရိ​ပေါ် မနက်​ဖြန်​ခင်​ဗျား​မွေး​နေ့ဆိုတာ​ ​မေ့​နေတာ​တော့မဟုတ်​ဘူးမလား"

ရိ​ပေါ်အ​နေနဲ့ ကိုယ့်​မွေး​နေ့ကိုယ်​ ​မေ့​နေတာမျိုးမဟုတ်​ပေမယ့်​ ပါးနဲ့မားမရှိ​တော့ထဲက အထူးတလည်​မလုပ်​ဖြစ်​တော့တာမို့ ရိ​ပေါ်အတွက်​ ​မွေး​နေ့ဆိုတာ သာမန်​ရက်​တွေနှင့်​မခြားနား။ ပြီး​တော့​ ရိ​ပေါ်​မွေး​နေ့ကို​ ​ရှောင်းကျန့်​မသိ​လောက်​ဘူးထင်​လို့ အမှုမဲ့ အမှတ်​မဲ့​နေမိခြင်း။ အငြိမ်​မ​နေတတ်​တဲ့​ ​ရှောင်းကျန့်​က မနက်​ဖြန်​ ရိ​ပေါ်​မွေး​နေ့ဆိုတာသိရင်​ အထူးတလည်​ပင်​ပင်​ပန်းပန်း​တွေ ပြင်​ဆင်​နေမှာစိုးလို့။

"ကိုယ်​မ​မေ့ပါဘူး..."

"မ​မေ့ဘူးဆိုလည်း မနက်​ဖြန်​ပြန်​လာခဲ့​တော့ ကျွန်​တော်​ခင်​ဗျားကို..​ပြောစရာရှိတယ်​"

"ကိုယ့်​ယောကျာင်္း​သေး​သေး​လေးက ကိုယ့်​ကိုဒီ​လောက်​လွမ်း​နေမှ​တော့ ပြန်​လာရမှာ​ပေါ့ ဒါနဲ့​ ဘာ​ပြောစရာရှိလို့လဲ အခုတစ်​ခါထဲ​ ​ပြောလို့မရဘူးလား"

"မ ရ ဘူး ပြန်​လာမှ​ပြောပြမယ်​ အဲ့ဒါဆို ဖုန်းချလိုက်​တော့မယ်​နော်​"

"ခဏ...ခဏ​နေဦး ကျန့်​..."

"...ဟင်​..."

"အရမ်းချစ်​တယ်​ ကိုယ့်​ကိုလွမ်း​နေ​နော်​"

ရှောင်းကျန့်​ရှက်​ဝဲဝဲဖြင့်​သာ ဖုန်းအမြန်​ချလိုက်​ရသည်​။ ဝမ်​ရိ​ပေါ်ဆီက အဲ့လိုအနုအရွ စကား​တွေကြားတိုင်း အခုန်​မြန်​နေတဲ့စိတ်​က ထိန်းမရ။ အခုအချိန်​ဝမ်​ရိ​ပေါ်သာ​ဘေးမှာရှိရင်​ ​ရှောင်းကျန့်​ကို အသည်းယားတယ်​ဆိုပြီး ဖက်​နမ်းမှာ​သေချာတယ်​။ အဲ့လိုပဲ ဝမ်​ရိ​ပေါ်ဆိုတဲ့ လူသားမျိုးနွယ်​က အလွန်​တရာမှ အသားယူတတ်​သည်​။

~~~~~~~~~

ဝမ်​ရိ​ပေါ်က ညပိုင်းflightနဲ့ ပြန်​လာမယ်​ပြောတာ​ကြောင့်​ ​ရှောင်းကျန့်​နေ့လည်​ထဲက အိမ်​မှာ လိုအပ်​တာ​တွေ စပြီးပြင်​ဆင်​နေရသည်​။ ယန်​လီနဲ့ကျိုးချန်​က ကူ​ပေးမယ်​ပြော​ပေမယ့်​ ရိ​ပေါ်​မွေး​နေ့အတွက်​ ​ရှောင်းကျန့်​ကိုယ်​တိုင်​ပြင်​ဆင်​ပေးချင်​တာမို့ အားနာနာနဲ့ပဲ ပြန်​လွှတ်​လိုက်​ရသည်​။

Fated To Love You[Completed]Where stories live. Discover now