Part-5

9.9K 746 4
                                    

Zawgyi
ရှောင်းကျန့်​လည်​ပင်း​ပေါ်က ဟိုလူ​ပေးခဲ့တဲ့ အမှတ်​အသား​တွေ​ ​ပျောက်တဲ့အထိ အိမ်​အပြင်​မထွက်​ရဲတာ​ကြောင့်​ အလုပ်​က​နေ ၃ရက်​လောက်​ ခွင့်​ယူလိုက်​ရသည်​။ ဒီအမှတ်​အသား​တွေကို ဟိုစပ်​စုစိန်​ဇီယီ​ ​တွေ့သွားရင်​ဖြင့်​ ​မေးမြန်းလို့ပြီးမယ်​မထင်​။

"​ကျန့်​ကျန့်​ ​နေ​ကောင်းသွားပြီလား ဒီ​နေ့မှမလာရင်​ငါက နင့်​အိမ်​လာပြီး သတင်း​မေး​တော့မလို့"

"ဘာသတင်း​မေးတာလဲ အပို​တွေ​ပြော​နေပြန်​ပြီ wang groupရဲ့သတင်း သိချင်​လို့မလား"

"wang groupဆိုမှ သူ​​ဋ္ဌေးက နင့်​ကို​တော်​တော်​စိတ်​ဆိုး​နေပုံပဲ သတင်းသွားယူခိုင်းတာ သတင်းမရတဲ့အပြင်​ လူပါ​ပျောက်​သွားလို့တဲ့"

"အိုက်​ရား......ငါ​တော့အလုပ်​ပြုတ်​တော့မယ်​ထင်​ပါရဲ့"

~~~~~~~

"သူ​​ဋ္ဌေး ဒါက...."

"မင်းက ငါ့ကုမ္ပဏီရဲ့ ဝန်​ထမ်း​ဟောင်းဖြစ်​နေလို့ ငဲ့ညှာတဲ့အ​နေနဲ့ ၃လစာ ထည့်​ပေးထားတယ်​ ယူပြီးအလုပ်​ထွက်​တော့"

"သူ​​ဋ္ဌေး ဒီ​ကိစ္စ​လောက်​လေးနဲ့​ အလုပ်​ဖြု​တ်​တဲ့အထိလိုလို့လား"

"မင်းကိုငါသနားလို့ ၃လစာထည့်​ပေးထားတယ်​လေ ဘာ​တွေထပ်​ပြီး အထွန့်​တက်​ချင်​နေတာလဲ​ မင်းအရည်​အချင်းနဲ့ဆို အလုပ်​မရှား​လောက်​ပါဘူး"

ရှောင်းကျန့်​လည်း စိတ်​တိုတိုနဲ့ စားပွဲ​ပေါ်က ပိုက်​ဆံထည့်​ထားတဲ့ စာအိတ်​ကိုယူပြီး ထွက်​လာခဲ့လိုက်​သည်​။ ​ပေးတဲ့ပိုက်​ဆံကိုမယူပဲ သူ​​ဋ္ဌေးကို ရင့်​ရင့်​သီးသီး​ပြောပြီး စတိုင်​ကျကျထွက်​လာရ​အောင်​ ဘဝက ရုပ်​ရှင်​မှမဟုတ်​တာ။ တကယ့်​လက်​တွေ့ဘဝမှာ အဲ့လိုသွားလုပ်​ရင်​ ကိုယ်​ပဲငတ်​မှာ။ ​နောက်​အလုပ်​တစ်​ခုမရခင်​အထိ​တော့ ဒီပိုက်​ဆံ​လေး​တွေကိုပဲ မှီခိုရမှာပဲ။

ပစ္စည်း​တွေသိမ်း​နေတုန်း​ ​ဘေးက​နေ ဇီယီက ဖီလီဖာလာ ဖီလီဖာလာနဲ့ ဆက်​တိုက်​ကို​ ​ပြော​နေ​တော့တာ။ အား​ပေးချင်​တာထက်​ သူအလုပ်​မလုပ်​ချင်​လို့​ ​ဘးမှာ အချိန်​လာဖြုန်း​နေမှန်း သိ​နေ​တော့လည်း သူ​ပြောသမျှစကား​တွေကို နားထဲထည့်​မ​နေ​တော့ပါဘူး။

Fated To Love You[Completed]Where stories live. Discover now