Part-12

9.5K 825 24
                                    

Zawgyi
ရှောင်းကျန့်​ ရိ​ပေါ်ရဲ့အိမ်​ကို စ​ရောက်​ထဲက အ​ကြောင်းအမျိုးမျိုး​နဲ့ အပြင်​မထွက်​မဖြစ်​တာ​ကြောင့်​ ရိ​ပေါ်က​ရှောင်းကျန့်​ကို နီးနီးနားနားခရီးဖြစ်​ဖြစ်​ ​ခေါ်သွားချင်​တယ်​။ တစ်​ခြား​တော့မဟုတ်​ပါဘူး​။ ​ရှောင်းကျန့်​က သူ့ကိုအိမ်​ထဲမှာ ပိတ်​ထားပါတယ်​ဆိုပြီး​တော့ ရိ​ပေါ်ကို ရန်​လုပ်​မှာစိုးလို့ အဟင်း။

"ယွီပင်း​ လာမယ့်​အပတ်​အတွက်​ schedule​တွေ အကုန်​ဖျက်​လိုက်​ ငါခရီးသွားစရာရှိတယ်​"

"တစ်​ခြားschedule​တွေ အကုန်​ဖျက်​လို့ရ​ပေမယ့်​ တစ်​ခုက​တော့ bossကိုယ်​တိုင်​သွားမှဖြစ်​မှာပါ"

"ဘယ်​ဟာလဲ"

"​နောက်​လုပ်​မယ့်​ ဟိုတယ်​အသစ်​ဆောက်​တဲ့ projectအတွက်​ ဝုကျီကျိုးကျွန်း(wuzhizhou island)ကို သဘက်​ခါမှာသွားရပါမယ်​"

"​ကောင်းပြီ လိုအပ်​တဲ့ စာရွက်​စာတမ်း​တွေ ပြင်​ထားလိုက်​ ငါမနက်​ဖြန်​ကုမ္ပဏီမလာဘူး"

~~~~~~~~

ရိ​ပေါ်အိမ်​ပြန်​ရောက်​တော့​ ​ရှောင်းကျန့်​ကိုမ​တွေ့တာ​ကြောင့်​ ဘွားဘွားကို​မေးကြည့်​တော့​ ​ဘေးခြံကိုသွားတယ်​ဆိုတာနဲ့ အမြန်​လိုက်​သွားရသည်​။ ​ရှောင်းကျန့်​က ဘာကိစ္စနဲ့ ယန်​လီ့ရဲ့အိမ်​ကို သွားရတာလဲ။ အဲ့လိုမျိုး​တွေ မကြိုက်​ပါဘူး။ ရှုပ်​ရှုပ်​ယှက်​ယှက်​။

အိမ်​ထဲဝင်​သွား​တော့ မီးဖို​ချောင်​ထဲမှာ နှစ်​ယောက်​သားကရီ​မောပြီး စကား​တွေ​ပြော​နေလိုက်​ကြတာများ ရိ​ပေါ်ဝင်​လာတာ​တောင်​ မြင်​ပုံမရ။ ရိ​ပေါ်ကို ဘယ်​အချိန်​မြင်​မလဲဆိုပြီး ကြည့်​နေရင်း​ ​ရှောင်းကျန့်​က မီးဖို​ပေါ်တင်​ထားတဲ့​ ​ရေ​နွေးအိုးကို​ ​အောက်​ချဖို့ပြင်​နေတာမြင်​တဲ့အချိန်​ ရိ​ပေါ်ဘယ်​လိုမှ ဆက်​ကြည့်​မ​နေနိုင်​တော့။

"ဒီ​လောက်​ပူ​နေတဲ့​ရေ​နွေးအိုးကို လက်​အိတ်​မပါပဲကိုင်​ရင်​ ပူမယ်​ဆိုတာမသိဘူးလား"

ပါးစပ်​ကလဲ​ပြောရင်း နံရံမှာချိတ်​ထားတဲ့ မီးဖို​ချောင်​သုံး လက်​အိတ်​ကိုစွပ်​ကာ​ ​ရေ​နွေးအိုးကို ချ​ပေးလိုက်​သည်​။

Fated To Love You[Completed]Where stories live. Discover now