Zawgyi
ရှောင်းကျန့်က စိတ်ကူးယဉ်တတ်တဲ့ သူမျိုးမဟုတ်ပေမယ့် အခြားသူတွေရဲ့ လက်ထပ်ပွဲတွေကို မြင်တိုင်း ရှောင်းကျန့်လက်ထပ်သည့်အခါ ဘယ်နေရာတွင်လုပ်မည်၊ ဘယ်လိုအပြင်အဆင်မျိုးလုပ်မည် စသည်ဖြင့်တော့ စိတ်ကူးယဉ်ကြည့်ဖူးသည်။ သို့သော်လက်ရှိတွင်တော့ ရှောင်းကျန့်စိတ်ကူးယဉ်ခဲ့ဖူးသည့် အခြေအနေနှင့် ခြားနားစွာ လက်ထပ်မှတ်ပုံတင်ရုံး၏ အခန်းငယ်လေးအတွင်း ရှောင်းကျန့်အပါအဝင် လူငါးယောက်သာရှိသည့် နေရာတွင် ရှေ့နေမှ ကမ်းပေးသော စာအုပ်အနီလေးနှစ်အုပ်ပေါ် လက်မှတ်ရေးထိုးခြင်းဖြင့် ရှောင်းကျန့်နှင့်ဝမ်ရိပေါ်ရဲ့ လက်ထပ်ပွဲက အဆုံးသတ်သည်။လက်မှတ်ထိုးပြီးတာနဲ့ အချိန်ဆွဲမနေတော့ပဲ လေဆိပ်ကိုထွက်လာခဲ့ကြသည်။ ကားပေါ်တွင်ရော လေယဉ်ပေါ်တွင်ရော တစ်ဦးနှင့်တစ်ဦး စကားမဆိုမိကြ။ အလာလမ်းတုန်းက တစ်ကြပ်ကြပ်ရန်ဖြစ်နေတဲ့ ကျိုးချန်နဲ့ယန်လီက ထူးဆန်းစွာ ငြိမ်ချက်သားကောင်းနေသလို ရိပေါ်နှင့်ရှောင်းကျန့်ကလည်း အတွေးကိုယ်စီနှင့်ပင်။
ပေကျင်းလေဆိပ်ရောက်တော့ ရိပေါ်နှင့်ရှောင်းကျန့်တို့နှစ်ယောက်အား အရှေ့က သွားစေ၍ ယန်လီက ကျိုးချန်နဲ့အတူ အနောက်က ဖြေးဖြေးချင်း လျှောက်လာလိုက်သည်။
"မင်းအဆင်ပြေရဲ့လား"
"........"
နှစ်ယောက်သားတူတူ လျှောက်လာရင်း ရုတ်တရက် မေးလာတဲ့ ကျိုးချန်ကြောင့် ယန်လီအံ့သြစွာနှင့် ကိုယ့်ကိုယ်ကို လက်ညိုးထိုးပြတော့
"အင်း....ဟုတ်တယ် မင်းကိုပြောတာ"
"ပြေတာပေါ့...ဒါနဲ့...နေဦး...ရှင့်အကြည့်က...ရှင်အခုကျွန်မကို သနားစရာလူတစ်ယောက်လို့ မြင်နေတာလား"
"မင်းချစ်သူတစ်ယောက်လုံး အခြားတစ်ယောက်နဲ့ လက်ထပ်သွားတာကို မင်းက ဘာမှမဖြစ်ဘူးလား"
YOU ARE READING
Fated To Love You[Completed]
RomanceZawgyi ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော...... Unicode ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော......