Zawgyi
ရှောင်းကျန့်အဝတ်အစားတွေ အကုန်သိမ်းပြီးတာနဲ့ အခန်းထဲကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ နေခဲ့ရတဲ့အချိန်က အရမ်းမကြာပေမယ့်လည်း တကယ့်တကယ် ထွက်သွားရတော့မယ့်အချိန်ရောက်တော့ လွမ်းမိသလိုလို။ ခဏလောက်ကြည့်ပြီးတာနဲ့ အခန်းပြင်ထွက်ဖို့ ပြင်နေစဉ် အခန်းထဲကို ခြေလှမ်းကြဲကြီးတွေနဲ့ ဝုန်းဒိုင်းကြဲပြီးရောက်လာတဲ့ ဝမ်ရိပေါ်။
"ဒါက ဘာသဘောလဲ ရှောင်းကျန့်"
"ခင်ဗျား မြင်တဲ့အတိုင်းပဲ"
"မင်းကိုငါ ကွာရှင်းမပေးနိုင်ဘူးလို့ပြောပြီးပြီလေ"
"အဲ့ဒါခင်ဗျားကိစ္စလေ အခုကလေးလည်း မရှိတော့ဘူးဆိုတော့ ကျွန်တော်တို့ ပတ်သတ်စရာ အကြောင်းမရှိ..."
"ကလေးဆိုတာကို မင်းပါးစပ်ကပြောထွက်သေးတယ်ပေါ့ မတန်ဘူး မင်းက ကလေးအဖေဖြစ်ဖို့တောင်မထိုက်တန်ဘူး ရှောင်းကျန့်"
ရှောင်းကျန့်စကားကို ဆုံးအောင်မပြောမခံပဲ ဒေါသတကြီး ဝင်ဖြတ်ပြောတဲ့ ဝမ်ရိပေါ်က မေးရိုးတွေထောင်ကာ မျက်နှာကနီရဲနေသည်။ လူတစ်ကိုယ်လုံး အရက်နံ့ထောင်းထောင်းထပြီး ယိုင်ထိုးနေတာတောင် ရှောင်းကျန့်ကိုစော်ကားပြောဆိုဖို့ သတိရှိသေးသည်။
ဆေးရုံဆင်းလာပြီးနောက်ပိုင်း ဝမ်ရိပေါ်က အခြားလူတစ်ယောက်လို ပြောင်းလဲသွားခဲ့သည်။ အရင်က လူတိုင်းလေးစားအားကျရတဲ့ ဒုဥက္ကဌဝမ်ရိပေါ်က အခုတော့ အရက်သမားလုံးလုံးဖြစ်နေလေသည်။ ကုမ္ပဏီကိုလည်း ယွီပင်းနဲ့လွှဲထားပြီး တစ်ချိန်လုံး ကလေးအခန်းထဲမှာပဲနေနေတတ်သည်။
ကွာရှင်းမယ့်အကြောင်းကိုလည်း အပြောမခံပဲ မကွာရှင်းပေးဘူးဆိုတာချည်းပြောပြီး မူးတဲ့အခါတိုင်း သူ့ကလေးသေရတာရှောင်းကျန့်ကြောင့်ဆိုပြီး စွပ်စွဲပြောဆိုတတ်သည်။ ရှောင်းကျန့်အနေနဲ့ ကိုယ့်ကိုမယုံကြည်တဲ့သူကို ယုံကြည်လာအောင် မရှင်းပြချင်ဘူး။ သူသာ အစထဲက ကိုယ့်ကို ယုံကြည်ခဲ့မယ်ဆို အခုလို အထင်လွဲစရာ အကြောင်းမှ မရှိပဲ။
YOU ARE READING
Fated To Love You[Completed]
RomanceZawgyi ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော...... Unicode ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော......