Zawgyi
"..မား..."
"မားမား သားလေးကို မားမား ပြန်လာခေါ်တာ"
အပြုံးချိုချိုလေးနဲ့ပြောလာတဲ့ မားရဲ့နှုတ်ထွက်စကားသံက ရှောင်းကျန့်အတွက်တော့ ချိုသာမနေခဲ့ပါဘူး။
"ကျန့် ဘယ်သူလာလို့လဲ"
ရှောင်းကျန့်က တော်တော်ကြာတဲ့အထိ အိမ်ထဲမဝင်လာတာကြောင့် ရိပေါ်ခြံရှေ့ထွက်ကြည့်တော့ မြင်လိုက်ရတဲ့သူကြောင့် ဆက်ပြောမယ့်စကားတွေ ရပ်တန့်သွားရသည်။ ရှောင်းကျန့်မားနဲ့ပါးက ဘာလို့ရောက်လာတာလဲ။ ရှောင်းကျန့်ကို လှမ်းကြည့်လိုက်တော့ ရိပေါ်ကိုတစ်လှည့် သူ့မားကို တစ်လှည့်ကြည့်ပြီး မျက်နှာငယ်လေးဖြင့်။
မားအနောက်မှာ ရပ်နေတဲ့ ပါးက ဝမ်ရိပေါ်ကို တစ်ချက်ကြည့်ပြီး အိမ်ထဲဝင်သွားတာကြောင့် ရှောင်းကျန့်တို့လည်း ပါးအနောက်မှ လိုက်သွားကြရတော့သည်။
~~~~~~~~
"မားတောင်းပန်ပါတယ် မားရဲ့ကလေးလေးကို တစ်ယောက်ထဲ ပစ်ထားမိလို့"
အခန်းထဲရောက်တာနဲ့ မားကရှောင်းကျန့်ရဲ့ လက်နှစ်ဖက်ကို ဆုပ်ကိုင်လို့ မျက်ရည်တွေနဲ့ပြောလာသည်။ မားကရှောင်းကျန့်နဲ့ နှစ်ယောက်ထဲ စကားပြောချင်တယ်ဆိုလို့ ရှောင်းကျန့်ရဲ့ အခန်းထဲကိုခေါ်လာခဲ့ခြင်းပင်။
"တောင်းပန်စရာ မလိုပါဘူးမားရယ် ကျွန်တော်ကသာ မားတို့စကားကို နားမထောင်ခဲ့တာ"
"မားမားသားလေး ဒီမှာနေရတာ အရမ်းပင်ပန်းတယ်မဟုတ်လား ကလေးလည်း မရှိတော့ဘူးဆို"
"ပင်ပန်းတယ်ဆိုပေမယ့် ဝမ်ရိပေါ်က ကျွန်တော့်ကို ဂရုစိုက်ပါတယ်မားရဲ့"
ရှောင်းကျန့်ရဲ့ စကားကြားတော့ မားရဲ့မျက်နှာက ချက်ချင်း တည်တင်းသွားပြီး
"အဲ့ဒီကောင်လေးဘက်ကနေ သားဘာမှ ဝင်ကာပြီးပြောပေးနေစရာ မလိုဘူး သူ့ရဲ့ကောင်မလေးပြောပြလို့ မားအားလုံး သိပြီးပြီ"
YOU ARE READING
Fated To Love You[Completed]
RomanceZawgyi ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော...... Unicode ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော......