Zawgyi
"ကျိုးချန် ပစ္စည်းတွေစုံတာသေချာပြီလား ကျန်ခဲ့ရင် ပြန်ယူဖို့မလွယ်ဘူးနော်""သိပါတယ်ဟ ငါ့ကိုပြောမယ့်အစား မင်းရဲ့ယန်လီကိုသာ မြန်မြန်သွားခေါ် မိဘမဲ့ဂေဟာသွားတာ မသိရင် ရုပ်ရှင်သွားရိုက်တော့မယ့်အတိုင်းပဲ သူ့ကိုစောင့်ရတာ ၁နာရီကျော်နေပြီ မင်းက သူ့ချစ်သူမို့လို့ အားမနာတတ်ရင်တောင် အနည်းဆုံးတော့ ငါ့ကိုအားနားဦးမှပေါ့ မိန်းမတွေ အလိုက်မသိတတ်ပုံများ"
ထိုအချိန် အိမ်ထဲမှ ထွက်လာတဲ့ယန်လီမှာ ကျိုးချန်သူမအကြောင်း ပြောနေသည်ကို ကြားလိုက်တာကြောင့် အားကျမခံ ပြန်ပြောလိုက်သည်။
"ကျွန်မအတင်းပြောလို့ဝပြီလား ရှင်လည်း ယောကျာင်္းဖြစ်လို့သာပဲ မိန်းကလေးတစ်ယောက်ရဲ့ အတင်းကိုပြောနေတာများ အားရပါးရ ရိပေါ် နင်လည်း သူငယ်ချင်းထားတာကြည့်ထား အပေါင်းအသင်းဖျက်လို့ပျက်တယ်ဆိုတာမျိုး ကြားဖူးတယ်မလား"
"မင်း...ဘာစကားပြောတာလဲ"
"ကြားတဲ့အတိုင်းပဲလေ"
"ကဲ....ကဲ နှစ်ယောက်လုံးတော်ကြတော့ မင်းတို့နှစ်ယောက်လည်း တွေ့တာနဲ့ ရန်ဖြစ်ကြတော့တာပဲ ချုံချင်းအထိသွားရမှာ လေယာဉ်ချိန်မမှီပဲ နေလိမ့်မယ်"
ဟိုနှစ်ယောက်ကတော့ ကားစထွက်တဲ့အထိ အကြည့်ချင်းစစ်တိုက်နေကြသေးတာ။ လေယာဉ်ပေါ်ရောက်တော့လည်း ထိုင်ခုံနေရာလုရင်း ရန်ဖြစ်ကြပြန်သည်။
ရိပေါ်နဲ့တွဲလာတဲ့တစ်လျှောက်လုံး အနေအေးပြီး စိတ်သဘောထားပြည့်ဝတဲ့ ယန်လီက ကျိုးချန်ကိုတွေ့တာနဲ့ ရန်လိုနေသလို တစ်ခြားသူတွေအမြင်မှာ အနေတည်လှပါတယ်ဆိုတဲ့ ကျိုးချန်ကလည်း ယန်လီ့ကိုတွေ့တာနဲ့ မျက်စောင်းတစ်ခဲခဲ။
အခုလည်း ယန်လီက weiboသုံးရင်းတွေ့တဲ့ ချုံချင်းက မိဘမဲ့ဂေဟာမှာ အလှူသွားလုပ်ချင်သည်ဆို၍ ရိပေါ်နဲ့ နှစ်ယောက်ထဲသွားဖို့က မသင့်တော်တာကြောင့် ကျိုးချန်ကိုပါ အတူခေါ်လာရသည်။အစကတော့ ယန်လီပါမယ်ဆိုတော့ ကျိုးချန်က ငြင်းနေပေမယ့် နောက်ဆုံးတော့လည်း လိုက်ရတာပါပဲ။
YOU ARE READING
Fated To Love You[Completed]
RomanceZawgyi ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော...... Unicode ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော......