Zawgyi
"အား.....ကျွတ်စ်......ကျွတ်စ် ခေါင်းကိုက်လိုက်တာ"ရှောင်းကျန့်အိပ်ယာပေါ်မှ မျက်လုံးမဖွင့်သေးပဲ ထထိုင်လိုက်ပြီး ထိုးကိုက်နေတဲ့ခေါင်းကို ညာဘက်လက်ဖြင့်ဖိကာ ခဏထိုင်နေလိုက်သည်။ အနည်းငယ်ချမ်းသလိုဖြစ်လာတာကြောင့် ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်လိုက်တော့ အင်္ကျီကရှိမနေ။ ခါးအောက်မှ စောင်ကိုအသာလှပ်ကြည့်ပြန်တော့ ရှောင်းကျန့်တစ်ကိုယ်လုံးတွင် ဘာအဝတ်အစားမှ ရှိမနေတာဖြစ်ကြောင်း သိရသည်။
ထို့နောက် အိပ်ယာတစ်ဖက်က အသက်ရှူသံ မျှဉ်းမျှဉ်း ကြားတာကြောင့် မသင်္ကာစွာ လှမ်းကြည့်မိတော့ သူ့နည်းတူ မိမွေးတိုင်းခန္ဓာကိုယ်ဖြင့် အိပ်နေတဲ့ လူတစ်ယောက်။ မဟုတ်ဘူး ယောကျာင်္းတစ်ယောက်ဆို ပိုမှန်လိမ့်မယ်။
ရှောင်းကျန့်လည်း ထင်မှတ်မထားတဲ့ မြင်ကွင်းကြောင့် အိပ်မက်လား၊ တကယ့်လက်တွေ့လား သိသာစေရန် သူ့ကိုကျောပေးအိပ်နေတဲ့ လူကို ကုတင်ပေါ်က ကန်ချလိုက်တော့ ခါးရိုးတစ်လျှောက်က အောင့်ခနဲ။
"အား......ငါအိပ်နေတာကို ဘယ်သူကန်ချတာလဲ"
ရိပေါ်အိပ်နေတုန်း ကုတင်အောက်ကို အရှိန်ဖြင့် ပြုတ်ကျသွားတာကြောင့် အော်လိုက်တော့ သူ့ကိုကုတင်ပေါ်ကနေ ကြောင်တောင်တောင် ပြန်ကြည့်နေတဲ့ ကောင်လေးတစ်ယောက်။ နေပါဦး ငါသူ့ကိုမြင်ဖူးသလိုပဲ။
"မင်း......မင်း......စာကလေး ဘယ်လိုလုပ်ပြီး မင်းက ငါ့ကုတင်ပေါ် ရောက်နေတာလဲ"
အိပ်ယာပေါ်ကို လှမ်းကြည့်လိုက်တော့ အနီရဲရဲအကွက်တစ်ချို့နဲ့အတူ တစ်ခြားအကွက်တွေပါ မြင်လိုက်ရတာကြောင့် ရိပေါ်ခေါင်းထဲ ဒိန်းခနဲဖြစ်သွားရသည်။
"မဟုတ်မှ မင်းနဲ့ငါညက....."
"မဟုတ်ဘူး မဖြစ်နိုင်တာ ခင်ဗျားနဲ့ကျွန်တော်နှစ်ယောက်လုံး ယောကျာင်္းလေးတွေပဲလေ ဘယ်လိုလုပ်.....ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
YOU ARE READING
Fated To Love You[Completed]
RomanceZawgyi ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော...... Unicode ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော......