Zawgyi
အခန်းထဲကိုရောက်တာနဲ့ ရှောင်းကျန့်ရဲ့ ခန္ဓာကိုယ်လေးက နံရံမှာ အရှိန်နဲ့ အကပ်ခံလိုက်ရတာကြောင့် ကျောပြင်တစ်လျှောက်အောင့်ခနဲ။ ထို့နောက် ဝမ်ရိပေါ်က ရှောင်ကျန့်ပါးနှစ်ဖက်ကို အုပ်ကိုင်လို့ နူးညံ့ခြင်း အလျင်းမရှိတဲ့ ခပ်ကြမ်းကြမ်း အနမ်းတို့ကို ပုံဖော်သည်။ လွတ်နေတဲ့ လက်နှစ်ဖက်နဲ့ တွန်းကန်နေပေမယ့် နေကောင်းခါစ ဝမ်ရိပေါ်က အားသန်လွန်းလှသည်။ ရုန်းမရတဲ့အဆုံး ရှောင်းကျန့်နှုတ်ခမ်းကို အပိုင်သိမ်းထားတဲ့ ဝမ်ရိပေါ်ရဲ့ နှုတ်ခမ်းထူထူကို ကိုက်ချလိုက်မှ ရှောင်းကျန့်အသက်ဝဝရှူခွင့်ရတော့သည်။
ဝမ်ရိပေါ်က သူ့နှုတ်ခမ်းကသွေးစအချို့ကို လက်မဖြင့်ဖိသုတ်ကာ ခပ်ရွဲ့ရွဲ့အပြုံးဖြင့် ရှောင်းကျန့်ရင်ကို ဓားနဲ့မွှန်းစေတဲ့ စကားတွေကိုဆိုသည်။
"ဘာလို့လဲ မင်းက ဒီလိုလုပ်တာကို ကြိုက်တယ်မဟုတ်ဘူးလား"
မိနစ်အနည်းငယ်လောက် အောက်ဆီဂျင်ပြတ်တောက်ထားတာမို့ ချက်ချင်းစကားမဆိုနိုင်ပဲ လေကိုသာ ခပ်ပြင်းပြင်း ရှူသွင်းနေရသည်။
"ဒါမှမဟုတ်...ဟိုကောင်မဟုတ်ပဲ ငါဖြစ်နေလို့လား"
ရှောင်းကျန့်မျက်နှာနားထိ ကပ်လာပြီး လှောင်ရိပ်သန်းတဲ့ အကြည့်တွေနဲ့ပြောလာတဲ့ ဝမ်ရိပေါ်က ဒီနေ့ ရှောင်းကျန့်သိက္ခာကို အဆုံးထိဆွဲချဖို့ ဆုံးဖြတ်ထားပုံပင်။
"ခင်ဗျား...ကျွန်တော့်ကို မစွပ်စွဲနဲ့ "
"ငါ့မျက်လုံးနဲ့ တပ်အပ်မြင်တာတောင် စွပ်စွဲတယ်လို့ပြောချင်သေးတာလား ငါနွားမဟုတ်ဘူးရှောင်းကျန့်.."
ဝမ်ရိပေါ်ရဲ့ အော်သံကြောင့် ရှောင်းကျန့်ကိုယ်လေး တုန်တက်သွားရသည်။ ခုနက လန့်ထားတဲ့ အရှိန်မှ မပြယ်သေးပဲ။
ဝမ်ရိပေါ်က ရှောင်းကျန့်ကို မယုံကြည်ပေးတဲ့အပြင်လူမှုရေးဖောက်ပြန်တတ်တဲ့သူလို့ပါ ထင်နေတာပဲ။ ခင်ဗျား အမြင်မှာ ကျွန်တော်က အဲ့လောက်တောင်သိက္ခာမဲ့နေခဲ့တာလား ဝမ်ရိပေါ်~~~
YOU ARE READING
Fated To Love You[Completed]
RomanceZawgyi ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော...... Unicode ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော......