Zawgyi
"အဲ့ဒါက မင်းသိစရာမလိုဘူးထင်တယ် ချင်ယွဲ့ "" ဝမ်.."
"...ရိပေါ်..."
"ချင်ယွဲ့က ဒီအတိုင်းသိချင်လို့မေးကြည့်တာပါ တခြား ဘာသဘောနဲ့မှ မဟုတ်ပါဘူး "
"ငါနဲ့ကျန့်ရဲ့ ကိစ္စတိုင်းကို မင်းကိုပြောပြရလောက်တဲ့အထိ ငါတို့မရင်းနှီးဘူးထင်တယ် ပြီးတော့ မင်းစကားတွေက ဘယ်လိုသဘောသက်ရောက်လဲဆိုတာကို ငါတို့ထက် ကိုယ်တိုင်ပြောတဲ့ မင်းက အသိဆုံးဖြစ်မှာပေါ့ ကျန့်က မင်းထိချင်တိုင်း ထိလို့ရတဲ့သူ မဟုတ်ဘူး "
မေးရိုးတွေထောင်လာတဲ့အထိ ဒေါသထွက်နေတဲ့ ဝမ်က ရှောင်းကျန့်လက်ကိုဆွဲလို့ ဆိုင်ထဲက ထွက်သွားတဲ့အထိ ချင်ယွဲ့ကြောင်နေမိတုန်း။ ခုနက...ခုနကချင်ယွဲ့ကို ကြည့်သွားတဲ့ ဝမ့်ရဲ့ပုံစံက ကြောက်စရာကောင်းလိုက်တာ။ အရင်က ဝမ်ဒေါသထွက်တာ မမြင်ဖူးတာ မဟုတ်ပေမယ့် ဒီလိုပုံစံကိုတော့ အခုမှမြင်ဖူးခြင်းပင်။
ဒီနေ့ ရှောင်းကျန့်ဆေးရုံသွားရမယ့်ရက်မို့ ပုံမှန်အတိုင်း ရိပေါ်လိုက်ပို့နေရင်း ဆေးရုံနားရောက်ခါနီးမှ ယွီပင်းက ဖုန်းဆက်ပြီး ကုမ္ပဏီကို အမြန်လာဖို့ပြောလာသည်။ ရှောင်းကျန့်ကို တစ်ယောက်ထဲ ထားခဲ့ဖို့ စိတ်မချသော်လည်း ကုမ္ပဏီကို ရိပေါ်မသွားလို့မဖြစ်တာမို့ နောက်ဆံတင်းပြီးသာ လာခဲ့ရသည်။
အလုပ်မှာဖြေရှင်းရမယ့်ကိစ္စတွေ အမြန်ရှင်းပြီး ဆေးရုံကိုလိုက်သွားပေမယ့် ရှောင်းကျန့်က ရှိမနေတော့။ ရှောင်းကျန့်ဘယ်နေရာရောက်ရောက် သိစေရန် ရှောင်းကျန့်ဖုန်းထဲ locationထည့်ပေးထားတာမို့ ကြည့်လိုက်တော့ ဆေးရုံအနီးနားက ကော်ဖီဆိုင်ကို ညွှန်ပြနေသည်။ ဆိုင်ထဲဝင်ဝင်ချင်း ရှောင်းကျန့်နဲ့စကားပြောနေတဲ့ ချင်ယွဲ့ကိုတွေ့လိုက်ရတာမို့ ဒေါသထွက်မိသလို ရှောင်းကျန့်ကိုလည်း စိတ်ပူမိသည်။ ကျောင်းတုန်းထဲက ရိပေါ်ဘေးနားကသူတွေကို နည်းမျိုးစုံနဲ့ဒုက္ခပေးတတ်တဲ့ချင်ယွဲ့ မည်မျှယုတ်မာကြောင်း ရိပေါ်သိသည်။
YOU ARE READING
Fated To Love You[Completed]
RomanceZawgyi ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော...... Unicode ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော......