Part-19

8.2K 678 49
                                    

Zawgyi

"​ရှောင်းကျန့်​လှေကား​ပေါ်က ပြုတ်​ကျလို့ နင်​အမြန်​ပြန်​လာခဲ့"

ဖုန်းထဲမှာ ကြားရတဲ့ ယန်​လီ့ရဲ့အသံက တုန်​တုန်​ယင်​ယင်​နဲ့​ ​တော်​တော်​ထိတ်​လန့်​နေသည့်​ပုံ။ ဒီ​နေ့မှ ထူးထူးဆန်းဆန်း​ရှောင်းကျန့်​က starbucksက မုန့်​စားချင်​တယ်​ဆိုလို့ ထွက်​ဝယ်​ပေး​နေတုန်း ဘာ​တွေဖြစ်​သွားခဲ့တာလဲ။ အိမ်​ကိုပြန်​နေတုန်း ယန်​လီက​ဆေးရုံကိုသာ လိုက်​ခဲ့လို့ စာပို့ပြန်​တာ​ကြောင့်​ ​ဆေးရုံကိုသာ အမြန်​ပြေးရသည်​။

ဆေးရုံ​ရောက်​တော့ ခွဲစိတ်​ခန်း​ရှေ့မှာ ငို​နေတဲ့ ဘွားဘွားကို ယန်​လီက​ထွေး​ပွေ့လို့ နှစ်​သိမ့်​ပေး​နေသည်​။ ရိ​ပေါ်ကို​တွေ့​တော့ ဘွားဘွားက သူ့ရင်​ခွင်​ထဲဝင်​လို့ ငို​နေပြန်​သည်​။

"...ဘွားဘွား အခန်းထဲမှာ...စာအုပ်​ဖတ်​နေတုန်း....ကျန့်​ကျန့်​...​လေးရဲ့ အသံ...ကြား လို့...ထွက်​ကြည့်​တော့....."

ဘွားဘွားက ဆက်​မ​ပြောနိုင်​တော့ပဲ ငို​နေတုန်း ခွဲခန်းထဲက ဆရာဝန်​ထွက်​လာတာ​ကြောင့်​ ဘွားဘွားကို ခုံမှာထိုင်​ခိုင်းပြီး ဆရာဝန်​ဆီ အ​ခြေအ​နေ​မေးရသည်​။

"​ကျွန်​တော်​တို့ အ​ကောင်းဆုံး ကြိုးစားခဲ့​ပေမယ့်​ ​ချော်​ကျတဲ့ အရှိန်​က ပြင်းတာ​မို့ က​လေးအသက်​ကို မကယ်​တင်​လိုက်​နိုင်​ဘူး လူနာကို​တော့ vipအခန်းထဲ​ပြောင်းပြီးရင်​ ဝင်​တွေ့လို့ရပါပြီ"

ဆရာဝန်​ခွဲခန်းထဲ ပြန်​ဝင်​သွားတဲ့အထိ ရိ​ပေါ် ထို​နေရာမှာပင်​ ​ကျောက်​ရုပ်​လို ရပ်​နေမိသည်​။ ဘာ​တွေလဲ....ဘာ​တွေဖြစ်​ကုန်​တာလဲ...မနက်​ကအထိ​ ​ရှောင်းကျန့်​ဗိုက်​ထဲမှာ​ ​ကောင်း​ကောင်းမွန်​မွန်​ရှင်​သန်​နေတဲ့ သူတို့ရဲ့ က​လေးက အခု​တော့...အခု​တော့....

ရိ​ပေါ်​ခေါင်းထဲမှာ အ​တွေးမျိုးစုံဖြင့်​ ချာချာလည်​နေသည်​။ နားထဲမှာ ကြား​ယောင်​နေတာက​ ​ရှောင်းကျန့်​ရဲ့ 'က​လေးသာ မရှိရင်​ဘယ်​လိုဖြစ်​သွားမှာလဲ' ဆိုတဲ့စကား။ ပြီး​တော့​ ပြဿနာဖြစ်​ပြီးထဲက ရိ​ပေါ် လက်​နဲ့ထိတဲ့ အစားအ​သောက်​ဆို မစားတဲ့​ရှောင်းကျန့်​က ဒီ​နေ့မှ ထူးထူးခြားခြား ရိ​ပေါ်ကို အပြင်​မှာ မုန့်​ထွက်​ဝယ်​ခိုင်းတာ။

Fated To Love You[Completed]Where stories live. Discover now