Part-15

8.8K 712 31
                                    

Zawgyi
ကျွန်းကပြန်​လာပြီးထဲက​ ​ရှောင်းကျန့်​နဲ့ ဝမ်​ရိ​ပေါ်ရဲ့ ဆက်​ဆံ​ရေးက သိသိသာသာ တိုးတက်​လာခဲ့သည်​။ တစ်​ပတ်​တစ်​ခါ​ ​ဆေးရုံသွားရတဲ့​ ရက်​တွေမှာ ဝမ်​ရိ​ပေါ်က​ ​ရှောင်းကျန့်​နဲ့ တစ်​နေကုန်​ အပြင်​မှာ အချိန်​ဖြုန်း​ပေး​လေ့ရှိသည်​။ အပြင်​ထွက်​ရတဲ့အခါတိုင်း ​နွေရာသီဖြစ်​သော်​ငြား​ ​ရှောင်းကျန့်​က hoddieအင်္ကျီအပွကြီး​တွေဝတ်​ကာ ဗိုက်​ကိုတခြားသူ​တွေ သတိမထားမိ​အောင်​ ဖုံးဖိတတ်​သည်​။ ​ရှောင်းကျန့်​အဲ့လို အင်္ကျီအထပ်​ထပ်​တွေ ဝတ်​တိုင်း သူ့​ကြောင့်​ရှောင်းကျန့်​ လူကြားထဲမသွားရဲဖြစ်​ပြီး ဒုက္ခခံရသည်​ဟုဆိုကာ ဝမ်​ရိ​ပေါ်က​ ​တောင်းပန်​စကားတဖွဖွ​ပြောတတ်​သည်​။

ရှောင်းကျန့်​အဲ့လို​တွေဝတ်​တာက ဗိုက်​ကို လူမြင်​မှာရှက်​လို့မဟုတ်​ကြောင်း အများအမြင်​မှာ လူပျိုဟုသာသိထားသည့်​ ဒုဥက္ကဌဝမ်​ကို တစ်​ခြားသူ​တွေက သူနဲ့တွဲမြင်​ရင်​ ကဲ့ရဲ့ကြမှာစိုး​၍ဖြစ်​ကြောင်း တစ်​နေ့​တော့ ဝမ်​ရိ​ပေါ်သိ​အောင်​ပြောပြရပါဦးမည်​။

ရိ​ပေါ်အိမ်​ရောက်​တော့ အရင်​ကလို အိမ်​ရှေ့မှာထွက်​ကြိုတတ်​တဲ့​ရှောင်းကျန့်​ကို မ​တွေ့ရတာမို့ အ​ပေါ်ထပ်​က ရိ​ပေါ်တို့အခန်းထဲသွားကြည့်​တော့ ရှိမ​နေ။ ဘွားဘွားကို​မေးကြည့်​တော့ က​လေးအတွက်​ပြင်​ဆင်​ထားတဲ့ အခန်းထဲဝင်​သွားတယ်​လို့​ပြောတာ​ကြောင့်​လိုက်​သွားကြည့်​တော့ စားပွဲ​ပေါ်မှာ​ ​ခေါင်း​တင်​လို့အိပ်​နေ​လေရဲ့။ ​ဖောင်းအစ်​အစ်​ပါး​လေးတစ်​ဖက်​ကို ငုံ့နမ်းလိုက်​တော့ နိုးသွားပုံရတဲ့​ရှောင်းကျန့်​က မှုန်​ကုတ်​ကုတ်​လေး ကြည့်​ပြီး​ ​ကြောင်​ပေါက်​လေးလို ရိ​ပေါ်ရင်​ခွင်​ထဲ တိုးဝင်​လို့လာသည်​။

"​နေ့လည်​ထဲက ဒီအခန်းထဲ​ရောက်​နေတယ်​ဆို​ ​ပြောပါဦး ဘာ​တွေလုပ်​နေတာလဲ"

"​ပေါက်​စ​လေးကို စာဖတ်​ပြ​နေတာ"

အသံအက်​အက်​လေးဖြင့်​ ပြန်​ဖြေပုံက ချစ်​စရာအတိ။ ရှုပ်​ပွ​နေတဲ့​ခေါင်းလုံး​လေးကို နမ်းမိပြန်​တော့ စ​တော်​ဘယ်​ရီရနံ့သင်းသင်း​လေးရ​နေပုံအရ​ ​ပေါက်​စ​လေး​မွေးရင်​သုံးဖို့ ကြိုဝယ်​ထားတဲ့ က​လေး​ခေါင်း​လျှော်​ရည်​ယူ​လျှော်​ထားပုံပင်​။

Fated To Love You[Completed]Where stories live. Discover now