Zawgyi
"မြေးလေး စိတ်လှုပ်ရှားနေတာလား ကြည့်ပါဦး ချွေးတွေတောင်ပြန်နေပြီ"
ရှောင်းကျန့်မျက်နှာကို တစ်သျှူးလေးဖြင့်အသာအယာ သုတ်ပေးနေတဲ့ ဘွားဘွားကိုကြည့်ပြီး ရှောင်းကျန့်မငိုမိအောင် ထိန်းထားရသည်။ မားနဲ့ဝေးကွာနေတဲ့ အချိန်တွေအတွင်းမှာ ဘွားဘွားက ရှောင်းကျန့်ကို မြေးတစ်ယောက်လိုရော သားတစ်ယောက်လိုပါ ချစ်ပေးခဲ့တာ။
"ရိပေါ်လေးတော့ သူ့ရဲ့ သတို့သားလေးကို မြင်ရင်အသက်ရှူရပ်သွားတော့မှာပဲ"
မင်္ဂလာမဆောင်ခင် တစ်ပတ်အလိုထဲက ဘွားဘွားကရှောင်းကျန့်နဲ့ ရိပေါ်ကို အတွေ့မခံတာမို့ သူကိုယ်တိုင်လည်း ရိပေါ်ကို သိပ်တွေ့ချင်နေပြီ။
ရှောင်းကျန့်အတွေးပင်မဆုံးသေး။ အခန်းတံခါးက အနည်းငယ်ပွင့်လာပြီး ရိပေါ်ကခေါင်းပြူကာ ချောင်းကြည့်နေတာကြောင့် ရိပေါ်ကို မြင်သွားတဲ့ ဘွားဘွားက
"ဒီကလေးနဲ့တော့ ခဏနေရင်တွေ့ရတော့မှာကို ချောင်းကြည့်နေပြန်ပြီ နင့်ရဲ့ ကျန့်ကျန့်လေးကို ငါအပိုင်သိမ်းထား လိုက်ရမလားပြော"
ဘွားဘွားပြောလိုက်တော့မှ မျက်နှာဆူပုတ်ပုတ်နဲ့ ထွက်သွားတဲ့ ရိပေါ်က တစ်ကယ်ကို ချစ်စရာကြီး။ တွေ့တော့မှ ဖောင်းနေတဲ့ ပါးကြီးနှစ်ဖက်ကို အားရပါးရ လိမ်ဆွဲပစ်လိုက်မည်ဟု ကြံစည်ထားသည်။
~~~~~~~
ရှောင်ပါးပါးရဲ့ လက်ကိုကိုင်ကာ ရိပေါ်ဆီ တစ်လှမ်းချင်းလျှောက်လှမ်းလာတဲ့ အဖြူရောင်သတို့သားလေးကို ရိပေါ် မျက်တောင်မခတ်တမ်း ငေးနေမိသည်။ ရှောင်းကျန့်ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ရိပေါ်နှလုံးသားက အပြင်ကို ခုန်ထွက်လုမတတ် ခံစားနေရသည်။
အနားရောက်တော့ ရှောင်းကျန့်ရဲ့ လက်ကလေးကို ရိပေါ်ဆီ ကမ်းပေးလိုက်တဲ့ ရှောင်ပါးပါးက အသံခပ်ကြိတ်ကြိတ်ဖြင့်'ငါမင်းကိုစောင့်ကြည့်နေမှာနော်' ဆိုပြီးပြောသွားသေးသည်။

YOU ARE READING
Fated To Love You[Completed]
RomanceZawgyi ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော...... Unicode ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော......