Zawgyi
"ကျန့် ကိုယ်တို့စကား ခဏလောက်ပြောရအောင်"
အခန်း တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရသူကြောင့် တံခါးကို အလျင်အမြန်ပိတ်ကာ လော့ချထားလိုက်သည်။ အရင်နေ့က ကိစ္စဖြစ်ပြီးထဲက ရှောင်းကျန့်ဝမ်ရိပေါ်ကိုရှောင်နေခဲ့တာ။ ရှောင်းကျန့်သိက္ခာကို စော်ကားလွန်းတဲ့အပြင် အနိုင်ရဖို့ တစ်ခုထဲအတွက်နဲ့ ရှောင်းကျန့်ခန္ဓာကိုယ်ကို အတင်းအဓ္ဓမ သိမ်းပိုက်ခဲ့သူရဲ့ မျက်နှာကို ကြည့်ဖို့ ရှောင်းကျန့်စိတ်က အဆင်သင့်မဖြစ်သေးဘူး။ ရှောင်းကျန့်မျက်ရည်တွေကို မြင်ရက်နဲ့ ဝမ်ရိပေါ်က ရှေ့ဆက်တိုးခဲ့တာ။ သူရှောင်းကျန့်ကို လုံးဝ မစာနာဘူး။
မထင်ထားမိခဲ့ဘူး....ဝမ်ရိပေါ်က ရှောင်းကျန့်ကို အဲ့လောက်ထိ အထင်သေးခဲ့မယ်လို့...
မထင်ထားမိခဲ့ဘူး....ဝမ်ရိပေါ် ဒီလို လုပ်ရက်လိမ့်မယ်လို့...
နာသည်...။ အလွန်တရာမှ နာကျင်သည်။ ချစ်ရသူထံမှ ထင်မှတ်မထားသော အခြေအနေမျိုး ဆက်ဆံခံရသည့်အတွက် ပိုလို့ နာကျင်ရသည်။
ဒီအခြေအနေတွေ ဖြစ်သွားတာတောင် ထိုလူ့ကို ပစ်ပစ်ခါခါ မမုန်းနိုင်သေးတဲ့ ကိုယ့်ကိုယ်ကိုလည်း မုန်းမိပါသည်။ ပါးနှစ်ဖက်ပေါ် အလုအယက်ခုန်ဆင်းလာတဲ့ မျက်ရည်စတွေကို မဖယ်ရှားမိပဲ အသံတွေ မထွက်နိုင်တော့သည်အထိ ဆက်ငိုနေမိသည်။ အခုချိန်စိတ်ထဲမှာ အရမ်းငိုချင်နေသည်။ မျက်ရည်တွေ ခမ်းခြောက်သွားသည်အထိပင် ငိုပစ်လိုက်ချင်သည်။ ဒီလူနဲ့ ပတ်သတ်တဲ့ စိတ်ခံစားမှု အလုံးစုံတို့ကိုလည်း ဖယ်ရှားလိုက်ချင်သည်။
ဝမ်ရိပေါ်ကို ချစ်ရတာ ဘာလို့ အဲ့လောက်တောင်ပင်ပန်းရတာလဲ။ သူ ဝမ်ရိပေါ်ကို ဆက်မချစ်ချင်တော့ဘူး~~~
______________
"ဘွားဘွား ရှောင်းကျန့် ဒီနေ့ အောက်ဆင်းလာသေးလား"
YOU ARE READING
Fated To Love You[Completed]
RomanceZawgyi ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော...... Unicode ခင်ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်ယောက်ကို ချစ်ရမယ့် ကံကြမ္မာဆိုရင်ရော......