ညနေစောင်းချိန်ပင်ဖြစ်ပေမင့် လမ်းမအသွယ် သွယ်သည် သာမန်ထက်ပို၍ ရှင်းလင်းနေခဲ့သည်။
အရှိန်ပြင်းပြင်းဖြင့်ဖြတ်မောင်းနေသည့်
ဆိုင်ကယ်ပေါ်တွင် Luhan သည် Sehun ၏ ခါး
ကိုတင်းတင်းကျပ်ကျပ်ဖက်တွယ်ထားခဲ့ပြန် သည်။အာရုံမလွတ်စေရန် ကြိုးစားနေရင်းမှနေ Sehun
မှာ အနောက်ဘက်ဆီသို့ ခဏခဏအကြည့်ရောက်မိရသည်။သူခံစားနေရသည်က Luhan သည် နည်းနည်းထူးဆန်းနေသလိုပင်။ ခါတိုင်းနှင့်မတူပဲ နည်းနည်း ။ အရင်လိုမာကျောမနေပဲ နည်းနည်း အမှီ
အတွယ်ရှာချင်နေသည့်ခံစားချက်ရနေသည်။ထို့ကြောင့်ပင် Sehun ဆိုင်ကယ်လျှောက်မောင်း
ရင်း လိုအပ်သည်ထက် အချိန်ဖြုန်းနေမိသည်။
ဖက်တွယ်ထားသည့် Luhan လက်များသည် တင်းကျပ်နေဆဲပင်ဖြစ်သည်။အဆုံးသတ်၌ Sehun သည် သူလာထိုင်နေကျဖြစ်သည့် ဟန်မြစ်ကမ်းဆီသို့ဦးတည်မောင်းသွား
လိုက်ပြီးနောက်မှာ ရပ်၍ရသည့်တနေရာ၌
ဆိုင်ကယ်စက်သတ်လို့ရပ်ပြီး အနောက်ဘက်မှာ
ဝက်ဝံကောင်လေးလိုဖက်တွယ်ထားသည့်သူ
အား လုံးလုံးလျားလျားလှည့်ကြည့်လိုက်ပါသည်။"ဟေ့...."
".........."
"အိပ်ပျော်နေတာလား ခင်ဗျား"
"တကယ်လို့ ကိုယ်သာတကယ်အိပ်ပျော်နေတယ်
ဆိုရင် မင်းရဲ့အိပ်ပျော်နေတာလားဆိုတဲ့မေးခွန်း
ကို ဟုတ်ပါတယ် ကိုယ်အိပ်ပျော်နေပါတယ်လို့
ဖြေမယ်ထင်လို့လား ?"မှီတွယ်ဖက်ထားရာကနေ ခွာလိုက်ပြီး ဆိုင်ကယ်
ဦးထုတ်ကိုပါ တပြိုင်နက်ချွတ်လို့ တရစပ်ပြော
လာသည့် Luhan အား Sehun မျက်မှောင်ကျုံ့
ကြည့်လိုက်သည်။ဒီလူဟာ ဆယ့်နှစ်ရာသီ သောက်ကြောတင်းသည့်
သူပင်။ နည်းနည်းလေးတောင် သနားပေး၍မရ။
Sehun စိတ်ပေါက်ပေါက်ဖြင့် တွေးမိသည့်စကား
ဖြစ်သည်။"စိတ်ကောက်သွားပြန်တာလား ?"
"ကလေးလား ?ျီးလိုပဲ ဆင်းတော့ ဟိုမှာသွားထိုင်"
"အေးတယ်လေရော...."
မြစ်ကမ်းနံဘေးကိုမေးငေါ့ပြောဆိုသည့်အခါ
ငြူစူစူဖြင့် ခေါင်းခါယမ်းသည်။