Chapter. 11(U)

696 145 40
                                    

"အဟင်း.....ဒီနေ့တော့ နည်းနည်းပဲသင်ကြရ အောင် ကိုယ်လုပ်စရာအလုပ်လေးရှိလို့"

Sehun သည် သူနှင့်အလွန်တရာနီးကပ်နေသော
အကွာမှနေ ရုတ်ချည်းဖယ်ခွာသွားရင်း ရွှတ် နောက်နောက်ဆိုလိုက်သည့် Luhan ကို ခပ်တည်
တည်သာပြန်လည်ကြည့်နေခဲ့သည်။

အရင်လို ကမူးရှူးထိုးဒေါသထွက်နေခြင်းမျိုးလဲ
မရှိခဲ့ပါ။ သို့သော် အရင်ကထက်စာလျှင်ပင်
နှစ်ဦးကြားကလေထုသည် တိတ်ဆိတ်နေခဲ့ရသည်။

အလိုမကျသည့်ဆန္ဒများကိုခံစားမိစွာ Luhan
သည် သင်ခန်းစာများကိုစောစောရပ်ပစ်ပြီး စာအုပ်ကိုပိတ်ချလိုက်လေသည်။

"ချာတိတ်....."

"ပြီးပြီမလား ? ကျွန်တော်ပြန်တော့မယ်"

ပြန့်ကျဲနေသည့်စာအုပ်များကို ကျောပိုးအိတ်ထဲ
ကောက်ထည့်ခြင်းပင်မပြုတော့ပဲ Sehun က
လက်ထဲမှာပင်ပွေ့ပိုက်လျက် မတ်တပ်ထရပ်မည်
ပြုသည်။

Luhan သည် လေပူတချက်မှုတ်ထုတ်လျက် ပြုံးရယ်ကာ ခေါင်းကိုကုတ်ပြီး Sehun ၏
အင်္ကျီလက်အနားစကိုလှမ်းဆွဲလိုက်လေသည်။

"Sehuniee....."

"မထိနဲ့...."

Sehun ဆီကနေငြင်းဆန်ဖယ်ရှားတာတွေအား
Luhan တော်တော်များများရရှိဖူးပါသော်လည်း
ဤတကြိမ်သည် အထိရောက်ဆုံးနှင့်အားအပြင်း
ဆုံးဖြစ်သည်။

လက်ကိုအားပြင်းပြင်းဖြင့်ရုတ်လိုက်သလို လေသံသည်လည်း မာထန်နေခဲ့သည့်အတွက်
Luhan ၏အပြုံးအရယ်များပျောက်ကွယ်သွား
ရပါသည်။

" sorry ကိုယ် ကျီစားတာ နည်းနည်းလွန်သွားတယ်ထင်တယ်"

"ခင်ဗျားမသိတာပဲ ရှိတာပါ။ ခင်ဗျားကအမြဲ
လွန်နေတာ "

"အိုခေ....ကိုယ်တောင်းပန်ပါတယ် ချာတိတ်
ကိုယ်ဆင်ခြင်ပါ့မယ်"

လွယ်လင့်တကူပင် အပြစ်ရှိပါသည်ဟု ၀န်ခံလာ
သည့် Luhan ၏မျက်နှာနွမ်းနွမ်းအား Sehun
ကြည့်လိုက်သည်။

အလုပ်ပင်ပန်းသည့်ဒဏ် ၊ စိတ်ပင်ပန်းသည့်ဒဏ်
ဖြင့်နွမ်းနေပုံရပြီး Sehun စိတ်ခုသွားသည့်ကိစ္စ
အပေါ် စကားရှည်ရှည်ဝေးဝေးမပြောချင်ပါ
သဖြင့် တောင်းပန်ကာခပ်မြန်မြန်အဆုံးသတ်
လိုက်ပုံရသည်။

why we shouldn't Kde žijí příběhy. Začni objevovat