Chapter. 4 (U)

1.4K 213 84
                                    

"Tick Tock Tick Tock.."

နှုတ်ခမ်းအဖွင့်အပိတ်မှာ တိုးတိုးသာသာထွက်
လာသည့် ရေရွတ်သံကို Sehun အချိန်တော်
တော်ကြာနားထောင်လိုက်‌‌သေးသည်။

ကော်လံကိုတင်းတင်းဆုပ်ကိုင်ထားသည့်လက်
ကတဖြည်းဖြည်းအားလျော့လာသည့်နောက်
ထိုသူ့အပြုံးကတဖြည်းဖြည်းပိုပီပြင်လာလေ
သည်။

"ခင်ဗျား ဘာစောက်စကားပြောတာလဲ ?"

မိနစ်ပိုင်းအတွင်းမှာ တွန်းလွှတ်လိုက်ပေမဲ့ အား
ပြင်းသည်မှာသေချာပါသည်။ သို့သော် ထိုသူ
က တချက်ကလေးသာယိုင်သွားပြီး ပုံပျက်
သွားခဲ့ခြင်းမရှိသည့်အပြင် နှုတ်ခမ်းညာဘက်ထောင့်မှ စီးကရက်ကို ဘယ်ဘက်ထောင့်သို့ရွှေ့ပြီး လှမ်းပြုံးပြလိုက်‌‌သေးသည်။

" ချာတိတ်ကလေးကလဲ စိတ်ကြီးပဲ။ မချစ်ဘူး
ဆိုလဲ ကိုယ်က၀မ်းမနည်းပါဘူး"

နောက်သို့‌ခြေတလှမ်းဆုတ်ရင်း လက်နောက်ပစ်
လျက်ခါးကိုင်းကာ Sehunကိုဆိုလာသည်။

နှုတ်ခမ်းမှာချိတ်ထားသည့်စီးကရက်ကို တချက်
ဖွာလိုက်ရင်း အခိုးငွေ့များအား လေထဲလွင့်စေပြန်သည်။ ထို့နောက် ....

"ကိုယ်က စိတ်ထဲရှင်းချင်လို့ တောင်းပန်စကား
လာပြောတာ ကိုယ့်တာ၀န်ကျေပြီနော် .... ဘိုင်း"

မျက်စိတဖက်မှိတ်ပြလျက် တာ့တာပြကာထွက်
သွားသည့်သူကို မျက်စိတဆုံးလိုက်ကြည့်မိပြန်
သည်။

ဒီလူ ဒီတခေါက်လဲ‌ ကျောသွားပြန်ပြီဟု Sehun
အသိ၀င်လာသည့်အခါ ‌ခြေထောက်နားမှာရှိသည့်
ကျောက်ခဲကို အားရပါးရ ပိတ်ကန်ပစ်လိုက်သည်။

"အားးး!!!!ဒီစောက်ချိုးမပြေတဲ့သူကတော့"

.....

ခွပ်....

ခြေထောက်နှင့်ကန်လိုက်သည့်ကျောက်ခဲသည်
လည်းထိုသို့ပြင်းသောအားကြောင့်နာသွားဦး
မလားမသိဟု Sehun ကြောင်တောင်တောင်
တွေးသည်။

ဖခင်၏ လက်သီးပြင်းအားသည် အရင်တုန်းက
အတိုင်း Sehun ပါးတဘက်လုံးကိုထုံကျင်သွား
စေတုန်းပင်။

နေဦး ! နည်းနည်းတော့အားပျော့နေသည်။ အရက်သောက်လာလို့များလား ?

why we shouldn't Tempat cerita menjadi hidup. Temukan sekarang