Sehun အိပ်ခန်းထဲမှ အပြင်သို့ ခြေလှမ်းထွက်လာသည့် အခါ ပုံမှန်ထက်ပင် တိတ်ဆိတ်လို့နေသည် အား ခံစားသိရှိမိသည်။
မြင်နေကျ အိမ်တော်ထိန်းများကိုပင် မမြင်မိပဲ အလှုပ်အရှားသံမရှိလောက်အောင်ကို တအိမ်လုံး
တိတ်ဆိတ်ငြိမ်သက်လို့နေသည်။ဒီရက်ပိုင်းအတွင်း ဖခင်ဖြစ်သူကို အိမ်မှာမတွေ့
ရသည်အားလည်း Sehun အခုမှသတိထားမိလာ
သည်။ကျောင်းမှာ Sehun ထိုသို့ပြဿနာကြီးကြီးမားမား ရှာလိုက်သည့်တိုင် ဖခင်မှာ ယခင်ဖြစ်ရပ်များအတိုင်း ဒေါသတကြီးခွန်းတုံ့ပြန်ခြင်းမရှိခဲ့။
ပိုက်ဆံထုတ်သာပစ်ချလို့ ငွေပေးဖြေရှင်းစေပြီး
Sehun အား ကောင်းသည် ဆိုးသည် မပြောခဲ့တာပင်ဖြစ်သည်။Sehun ထက် အရေးကြီးပါသော ကိစ္စတစုံတရာမှာ သူ့ထက်ဖိစီးနေသည်ထင်ပါသည်။
အေးအေးလူလူပင် Sehun သည် ဆိုက်ကယ်သော့ကို ဝှေ့ယမ်းကာ လေချွန်လျက် အိမ်အောက် ထပ်သို့ဆင်းလာလိုက်သည်။
မနက်စာစားရန် မီးဖိုခန်းထဲခြေချလိုက်သည့်အခါ Sehun မျက်မှောင်တို့တွန့်ချိုးသွားပါ သည်။
"အိုး.....Sehunnie နိုးလာပြီလား လာလေ လာ
မေမေလေးနားကိုလာ"ပျင်းတိပျင်းရွဲပုံစံဖြင့် မနက်စာစားနေဟန်တူ သော အဖေ့၏ လေးယောက်မြောက် မယားငယ်
သည် Sehun ကို မြင်သည့်အခါ ခန္တာကိုယ်ပင်
တည့်တည့်မတ်မတ်ဖြစ်သွားပြီး သကာရည်လောင်းထားသည့်အပြုံးများဖြင့် လှမ်းခေါ်သည်။ထိုအမျိုးသမီး အိမ်သို့စရောက်သည့်နေ့ထဲက
Sehun နှင့် ထိုသို့နှစ်ယောက်ထဲ တွေ့ဖူးတာမရှိ
သလို စကားပင်မပြောဖူးသလို ယုတ်စွအဆုံး ထို
အမျိုးသမီးနာမည်ကိုပင် Sehun သိရှိခြင်းမရှိခဲ့။ယခုအချိန်တွင်လည်း မရှိသူလို သဘောပိုက်လျက် Sehun မီးဖိုခန်းထဲဝင်လိုက်ကာ ရေခဲ သေတ္တာဆီလျှောက်သွားလိုက်သည် ။ ဟိုမှသည်
သို့ ဝှေ့ဝဲကြည့်မိသည့်နောက် ယင်းအသံက Sehun အနားတဝိုက်ထွက်ပေါ်လာပြန်သည်။"အလုပ်သမားတွေမရှိကြဘူးကွ မင်းအဖေပြန်မလာတာနဲ့ပဲ မေမေလေး အကုန်လုံးကို အနားပေး
ထားတယ်။ တော်တယ်မလား မင့်မေမေလေးက"