Chapter . 13 (U)

747 141 32
                                    

ကွဲလုကွာခင် နှုတ်ခမ်းများမှနေ ရှူထုတ်လိုက်သည့် လေ၏ ခပ်နွေးနွေးအတွေ့များကို ခံစားနေ
မိသည်။

ပထမဆုံးအကြိမ် သည် ဒေါသများနှင့် ခနဲ့စကား
များဖြင့်၊ ဒုတိယအကြိမ်သည် ရီဝေမှုများဖြင့် ၊
ယခု တတိယအကြိမ်တွင် ..... ဘာကြောင့်ရယ်လဲ
မဖွဲ့ဆိုတတ်တော့။

ဒီအတိုင်း ဒီနှုတ်ခမ်းတွေကို တပ်တပ်မက်မက်
နမ်းရှိုက်မိချင်လို့ပဲ ဆိုကြပါတော့။

အလျင်ဦးအောင် ဖယ်ခွာသွားခဲ့သူမှာ Sehun
ဖြစ်ပြီး ‌အသက်ခပ်ပြင်းပြင်းရှူလို့ မှုတ်ထုတ်ပစ်
လိုက်သူမှာ Luhan ရှိသည်။

နေထိုင်၍ကောင်းသော ငြိမ်သက်မှုများဖြင့် သူတို့
ထိုနေရာမှ ထထွက်ခဲ့ကြသည်။

ဆရာမကြီးနှင့်အတူ ကလေးတွေကို နှုတ်ဆက်ပြီး အိမ်ပြန်ခဲ့ကြသည့် လမ်းမပေါ်တွင်လဲ Sehun
က ဘေးဘက်တလျှောက်ကိုသာ ငေးမောလို့
လိုက်ပါလာလေသည်။

Luhan သည်လည်း ငြိမ်သက်နေသည်။ ကားထဲ
၌ ရေဒီယိုမှ ညမှောင်ရီပျိုးချိန်နှင့်လိုက်ဖက်သည့်
သီချင်းများဟု ခေါင်းစဉ်တပ်ထားသည့် ခပ်ဆွေး
ဆွေးသီချင်းသံများသာ ပျံ့လွင့်လို့နေသည်။

မြို့တွင်းသို့ချဉ်းနင်း၀င်လာသည့်နောက်မှာ
ကားများ ရှုပ်ထွေးစပြုလာခဲ့သည်။

မီးပွိုင့်၌ ကားခဏရပ်ထားချိန် လမ်းမထက်
အလျှိုလျှိုသွားနေကြပါသော လူများကို ငဲ့ကြည့်
ပြီးနောက် Luhan က

"ဗိုက်ဆာလား ? Sehuniee ညစာဘာစားချင်
လဲ ?"

စက္ကန့်အတန်ကြာသည်ထိ အဖြေမပေးသည့်
ကောင်လေးကို Luhan လှည့်ကြည့်သည်။

ကားပြတင်းမှန်ကိုမှီတွယ်လျက် ခေါင်းတခြမ်း
စောင်းကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်
Sehun ကို အံ့အားသင့်စွာတွေ့လိုက်ရပြီးနောက်
Luhan မှ ခပ်တိုးတိုးလေးရယ်သည်။

"ကိုယ် မင်းကိုရောင်းစားပစ်လိုက်မှာ မကြောက်
ဘူးလား ကလေးလေးရဲ့ အိပ်ရဲသေးတယ်"

နိုးသာနေလျှင် ဘာစောက်ကြောင်းနဲ့ကျုပ်က
ရောင်းစားခံရမှာလဲဟု ဆဲရေးဦးမည်ထင်သည်။

why we shouldn't Where stories live. Discover now