စကားစလာသည့်အချိန်ထဲက စောက်ချိုးမပြေသဖြင့် Sehun တံခါး၀မှာပင် လာရာလမ်းအတိုင်း လှည့်ပြန်ဖို့ပြင်သည်။ သို့သော် ဖုန်းပြောသံတသံကြောင့် အ၀င်ပေါက်၀မှ ခြေလှမ်းတွေ
တုံ့ဆိုင်းရပြန်သည်။ရေချိုးခန်းသုံး၀တ်စုံသာ၀တ်ထားပြီး ဘယ်နေရာကနေဘယ်လိုဖုန်းထွက်လာမှန်းမသိသော Luhan သည် အခန်းနံရံကိုလျော့တိလျော့ရဲမှီလျက် Sehunဘက်သို့မျက်နှာမူကာ ပြုံးစစဖြင့်
ဖုန်းပြောနေပါသည်။"အေး မင်းညီလေး ရောက်နေပြီ။ အင်း....အင်း
စိတ်ချပါ ငါညစာသေချာကျွေးပြီး ကောင်း ကောင်း သိပ်ထားလိုက်ပါ့မယ်"မျက်နှာတို့နီမြန်းလျက် မျက်မှောင်ကျုံ့ကာ ဒေါသထွက်နေပြီမှန်းသိပ်သိသာသည့် Sehun
က ဘာကိုမှဂရုမစိုက်တော့ပဲ လာရာလမ်းအတိုင်း
လှည့်ပြန်ပါတော့သည်။"ဟောဟော ညီက မင်းမရှိလို့ အားနာလို့ထင်တယ် ပြန်တော့မယ်တဲ့"
"Sehun ဘာမှအားနာစရာမလိုဘူး အိမ်မှာပဲစောင့်နေနော် ဘယ်မှလျှောက်မသွားနဲ့ အစ်ကို့
ကိုစိတ်ပူအောင်မလုပ်နဲ့......Luhan ငါ့ညီကို ရ အောင်မဆွဲထားနိုင်ရင် မင်းအသေပဲ"စပီကာဖွင့်ပေးလိုက်သဖြင့် အတိုင်းသားကြားနေရသော အစ်ကိုဖြစ်သူ၏စကားက ငြိမ်လျက်နားထောင်နေရှာသည့် Sehun ကို Luhan မှ ခပ်ပြုံးပြုံးကြည့်နေလိုက်ကာ ပခုံးတွန့်ပြလိုက်သည်။
နောက်တော့လဲ စောက်ချိုးမပြေဟု Sehun သတ်မှတ်ထားသည့်သူ၏အိမ်၌၀င်နေလိုက်ရပြီး ထိုသူ၏မီးဖိုခန်းတွင်ပင်ထိုင်နေရပြီဖြစ်သည်။
Sehun ကိုညစာချက်ကျွေးမည်ဆိုကာ မီးဖိုခန်း
ထဲခေါ်လာသော Luhan သည် ဒူးလောက်သာရှိ
သည့်ရေချိုးခန်းသုံးအင်္ကျီကိုပင် လဲမ၀တ်ရသေးပါ။ အနောက်ဘက်၌ Sehun ရှိနေသည်ဟုပင် သတိထားမိပါရဲ့လားမသိ။ ခန္ဓာကိုယ်ကို စည်းချက်မပါပဲ လှုပ်လီလှုပ်လဲ့လှုပ်ရှားလျက် ခေါင်းတညိမ့်ညိမ့်ဖြင့် ရေနွေးအိုးတည်နေသည်ကိုသာ Sehun မြင်ပြင်းကတ်စွာကြည့်နေမိသေးသည်။လျှပ်စစ်မီးဖိုနှင့်ရေခဲသေတ္တာကြားကူးသန်းသွား
မှပင် ထမင်းစားပွဲ၌ ရှုတည်တည်ဖြင့်ထိုင်နေ
သော Sehun ထံ Luhanအကြည့်တို့ဝေ့ဝဲလာပြီး