Chapter. 9 (Z) [Part 1]

430 82 51
                                    

၎င်းတို့ မဖြစ်ပျက်ခင် တရက်အလိုက ဖြစ်သည်။

ဟန်းဂုတက္ကသိုလ်ဆေးရုံကြီး၏ အထွေထွေခွဲစိတ်ကုဌာနမှအရေးပေါ်ဌာနရှေ့‌၌ ဂျူတီကုတ်
ပင်မ၀တ်ထားနိုင်သည့် Yeon Seokရှိနေပြီး
နံရံကိုကျောမှီထားကာ သူ၏နဖူးကြောများကို
နှိပ်နယ်နေသည်။

သူ့ရှေ့၌ အသက်ပင်ရှူပါရဲ့လား မသိရသည့်
‌ဆရာဝန်ငယ်လေးနှစ်ယောက်က ခေါင်းကို
အသေအကျေငုံ့ထားကြသည်။

မျက်နှာများသည် ဖြူရော်နေကြပြီး မျက်တွင်းတို့ကျလျက် ညိုမဲစွဲနေသည်။လက်တို့ကအငြိမ်မနေနိုင်အောက် အချင်းချင်းပွတ်တိုက်နေလျက် Yeon Seokကို စက္ကန့်မလပ်မော့ကြည့်နေပြီး အကြည့်ချင်းဆုံမည်ကိုကြောက်ကြောက်လန့်
လန့်ဖြင့် ခေါင်းပြန်ပြန်ငုံ့သွားကြသည်။

"ညက ICU မှာ တာဝန်ကျတာ ဘယ်သူလဲ ?"

"...ကျွန် .. ကျွန်ဝောာ်ပါ"

" anaphylaxis ရှိတဲ့သူကို အိပ်ဆေးတွေသွင်းပေးလိုက်တာ မင်းပေါ့"

"တောင်း....တောင်းပန်ပါတယ် ဆရာ .. ကျွန်တော် ကျွန်တော်....."

ခေါင်းကိုအကြိမ်ကြိမ်အခါခါငုံ့လျက် တောင်းပန်
စကားတွင်တွင်ပြောနေသည့် ဆရာဝန်ငယ်လေး
အား Yeon Seok စိတ်ညစ်ညူးစွာကြည့်နေမိ
သည်။ ဘေးမှတယောက်သည် မဆိုင်သော်လည်း
သူငယ်ချင်းဘက်ကလိုက်ပြီး အခေါက်ခေါက်
တောင်းပန်နေသည်။

ဆူရဆဲရအော်ရငေါက်ရလွန်းသဖြင့်လဲ Yeon
Seok တို့သာ အာပေါက်အမြုပ်ထွက်ပြီးအသက်
တိုနိုင်သည့်ပုံစံမှာရှိသည်။

"မင်းတို့ ငါအကုန်တန်းစီပြီး ကောက်တိုင်လိုက်ရင် ထုချေလွှာအထပ်လိုက်နဲ့ကျောင်းနားရလိမ့်
မယ်ကွ။အသိစိတ်လေးဘာလေးကပ်ကြစမ်းပါ။
နှစ်ဆယ့်လေးနာရီဂျူတီလောက်ကို သည်းမခံ
နိုင်ပဲ အိပ်ငိုက်နေရင် ဆရာဝန်လဲလုပ်မနေနဲ့
တော့။ မင်းတို့အကုန်အိမ်မှာပဲနားနေလိုက်တော့"

"ဟိုးးးဟိုးး ဆရာ.....စိတ်လျှော့ပါဦး"

စင်္ကြန်တလျှောက် ပေါက်ကွဲသံဇဉ်‌များဝေဆာသွားပြီးနောက်မှာ Yeon Seokအနားသို့ Luhan
လေပြေလေးနှင့် ရောက်လာခဲ့သည်။ ဆရာဝန်ငယ်လေးများက Luhan ကိုတွေ့သည့်နောက်
ထပ်ဆင့်ခေါင်းညွှတ်နှုတ်ဆက်ကြရင်း မျက်နှာ
မဖော်နိုင်ရှိနေလေသည်။

why we shouldn't Donde viven las historias. Descúbrelo ahora