Chapter. 1 (U)

1.8K 214 39
                                    

စီးကရက်ကို နှုတ်ခမ်း၌ ကောက်တေ့လိုက်သည့်အချိန်မှာပင် အိစက်စက်အတွေ့တစ်ခုကို အာရုံ၌ ပြန်မြင်မိသည့်နောက် Sehun ဆဲရေးလိုက်ပြီး စီးကရက်အား မြေပြင်ချနင်းချေပစ်လိုက်သည်။

မလှမ်းမကမ်းနေရာကိုယ်စီမှာ ထိုင်နေကြသည့်
သူငယ်ချင်း များမှ Sehun ၏စိတ်ဆတ်နေသည့် အပြုအမူအတွက် မျက်ခုံးပင့်သွားပါသော်လည်း ဘယ်သူမှတရေးတယူမေးမလာပဲ စီးကရက်မီးညှိလျက်စကိုသာဆက်ညှိပြီး တချက်ရှိုက်ဖွာကြလေသည်။

ထုံးစံအတိုင်း ဘာဘာသာဝင်မယ်မှန်းမသိသည့် စာသင်ချိန်တစ်ချိန်ကိုဖျက်လို့ ကျောင်းခေါင်မိုးထပ်ကိုရောက်နေခဲ့ကြသည်။

မနေ့ညက ကလပ်ထဲမှ ကိုယ့်လွတ်ရာကိုယ့်လမ်းကြောင်းအပြေးအလွှားရှောင်ခဲ့ရသည်ကိုအစမဖော်ဖြစ်ကြ။

တယောက်ကို စော် တပွေစီလက်ဆွဲပြီး ဟိုတယ်ပြေးခဲ့ကြခြင်းဖြစ်သဖြင့် အတွေ့အကြုံရှိခဲ့သည့်တညကိုတော့မြိန်ရေရှက်ရေပြောရင်းစီးကရက်နှင့်မြည်းခဲ့ကြသည်။

ထိုအခါမှသာ စကားဝိုင်းထဲမှ သိသိသာသာကွဲထွက်နေသည့် Oh Sehunကို သတိပြုမိကြပြီး အချင်းချင်းလက်တို့လို့ မေးငေါ့မိကြလေသည်။

"ဘာတွေငူနေတာလဲ မနေ့ညကဂွမ်းလို့လား "

တယောက်ကအစဖော်လိုက်သည့်နောက် တသောသောနှင့်ရယ်ကြပြန်သည်။ Sehun မျက်မှောင်ကျုံ့လျက် ခေါင်းခါယမ်းလိုက်ကာ စီးကရက်အသစ်တလိပ်ထပ်ထုတ်သည်။ ထို့နောက် နင်းချေပစ်လိုက်ပြန်သည်။

"ဟေ့ကောင် Oh Sehun "

"ငါ ညက ဘဲတပွေ နဲ့ ငြိသွားတယ်။ shit…
အဲ့ဘဲငါ့ကိုလာစားတာ"

Sehun ၏ အကြောင်းအရာသဲသဲကွဲကွဲမသိသော စကားအတွက် ကျန်သောသူများမည်သို့ပြန်လည်ပြောဆိုရမလဲမသိဖြစ်နေသည်။ အကုန်လုံးကတိတ်ဆိတ်နေတဲ့နောက်
Sehunကဝေ့ဝဲကြည့်လိုက်ပြီး သက်ပြင်းချသည်။

စီးကရက်လဲဆက်သောက်နိုင်မှာမဟုတ်လို့ မျက်နှာတစ်ခုလုံးကိုလက်ဖဝါးဖြင့်ခပ်ကြမ်းကြမ်းပွတ်ချေပြီးခပ်လှမ်းလှမ်းကိုကြည့်သည်။

why we shouldn't Donde viven las historias. Descúbrelo ahora