Chapter. 2 (U)

1.3K 211 38
                                    

ထီမထင်သည့်အပြုံး နှင့် ထောင့်မကျိုးသော မျက်နှာသည်Sehun အမြင်လွှာထဲကန့်လန့်ဖြတ်ဝင်လာခဲ့သည်။

ခြေငါးလှမ်းစာလောက်သာခြားနားသော နှစ်ယောက်ကြားတွင် ထိုသူ့အနား Sehun ရောက်သွားဖို့အတွက် မိနစ်ဝက်တောင်မကြာခဲ့ပါ။

အားအတန်ပါသည့်လက်သီးချက်နှင့် မေးရိုးတခုထိစပ်သွားချိန်မှာ ထိုသူတော့မသိ။ Sehun ၏ လက်ခုံကတော့ထုံစပ်သွားခဲ့သည်မှာတော့အမှန်။

မာကြောတောင့်တင်းသည့်မေးရိုးပိုင်ရှင်က Sehun ထိုးချလိုက်မည်ကို သိနေသည့်ဟန်ဖြင့်
မရှောင်မတိမ်းခဲ့။

မျက်နှာတချက် လည်ပြန်ထွက်သွားရုံမှအပ တဖက်လူကတစုံတခုမှ ပုံပျက်ပမ်းပျက်မဖြစ်သွားခဲ့သည့်အတွက် ဆယ်ကျော်သက်တယောက်ည၏စိတ်ကြွမှုအရရော၊ရန်ဖြစ်လျှင် အနိုင်ရနေကျ လူတယောက်၏မာနအရပါ မခံချင်
စိတ်ဖြင့် ထိုသူကို နောက်တချက်ထပ်ထိုးဖို့ရွယ်လိုက်သည့် နောက်မှာတော့ ထိုသူက နောက်ဘက်သို့ခြေတလှမ်း လျှင်မြန်စွာဆုတ်ခွာကာ ရှောင် တိမ်း လျက် Sehunကို ပြန်လှန်ပြုံးပြလာခဲ့သည်။

နှုတ်ခမ်းထောင့်စွန်းမှာ လောလောလတ်လတ်ဖြစ်သွားသော ပေါက်ပြဲရာမှ သွေးစတို့အား လက်ဖြင့်ပွတ်ချလျက်Sehunအား တေ့တေ့ဆိုင်ဆိုင်ပြန်လည်ကြည့်လာကာ

"ကိုယ် မင်းကိုနမ်းတာ တခါတည်းနော်။ ကိုယ်
တခါပဲအထိုးခံသင့်တယ်ထင်တယ်။ မင်း နောက်တခါ ထပ်ထိုးချင်ရင်တော့ ကိုယ်ထပ်နမ်းတာ………"

"ခင်ဗျား သေချင်လို့လား "

"ကျစ် … ကိုယ်စကားပြောနေတာကို မဖြတ်စမ်းနဲ့"

အလိုမကျမှုက ထိုသူ့မျက်နှာပေါ်မှ ခပ်ပါးပါးဖြတ်ဝင်လာသည်။ Sehun စူးစူးနစ်နစ်စိုက်ကြည့်နေမိသည့်အခါSehun၏ဒေါသပါးပါးကလေးများကို ထိုသူက အပြုံးပါးပါးဖြင့် ပြန်လည်ချေဖျက်ပစ်လိုက်သည်။

တချက်လောက် အားရပါးရထပ်ထိုးလိုက်ချင်ပါသော်လည်း နှုတ်ခမ်းထောင့်ကဒဏ်ရာကို တွေ့လိုက်ရပြီးဖြစ် သည့်အတွက် Sehun စိတ်ကိုထိန်းလိုက်ပြီး ထိုသူ့ကိုဖြတ်တိုက်လျက် ကလပ်ထဲပြန်ဝင်ဖို့ပြင်ခဲ့လိုက်သည်။

why we shouldn't Dove le storie prendono vita. Scoprilo ora