Chapter. 9 [Part 2] (U)

745 155 97
                                    

တကိုယ်ထဲနေသည်မှာ သိသာနေသော အိပ်ခန်း
အတွင်း၌ နေရောင်တဖြည်းဖြည်းမြင့်လာချေသည်။

၀ရံတာမှမှန်ပြတင်းတံခါးရှိ လိုက်ကာသည် မနက်ခင်းလေကြောင့် တလူလူလွင့်လျက်ရှိသည်။

အခန်းတွင်းက ပုံမှန်ထက် တိတ်ဆိတ်နေသည်။
အသက်ရှုသံမျှင်းမျှင်းမှလွဲ၍ ထိတ်လန့်စရာ
ကောင်းလောက်အောင်တိတ်ဆိတ်နေသည်။

"ပုံမှန်အသိစိတ်မရှိဘူး။ ငါမူးနေလို့ဖြစ်တာ"

တညလုံးနှင့်တမနက်ခင်းလုံးပေါင်းလျှင် အခေါက် တစ်ရာမြောက်ပင် ဖြစ်နိုင်သည့် နှုတ်ထွက်စကားဖြစ်သည်။

Sehun မှာ ကုတင်ခေါင်းရင်းကိုကျောမှီထားပြီး
မလှဲလှောင်းပဲ ငုတ်တုတ်ထိုင်အခြေအနေဖြင့်
ရှိနေပါသည်။

သွေးပူလျက်သားဖြင့် ဘားမှထွက်လာခဲ့စဉ်က
စိတ်အစဉ်သည် ဒေါသပါးပါးခံရုံသာရှိသည်။
ဆိုက်ကယ်သော့ကျန်ခဲ့သည်ဆိုတာ HoDol
ထွက်လာပြီး သူ့နောက်လိုက်လာမှပင် ဘားထဲ
ဘာလုပ်ခဲ့သည်ဆိုသည်မှာ တဖြည်းဖြည်းချင်း
အမြင်အာရုံထဲပြန်၀င်လာသည် ။

-စောက်ကျိုးတွေတော့ နည်းလေပြီ။

Sehun မျက်နှာတခုလုံးကို ခပ်ကြမ်းကြမ်းပွတ်
ချေလိုက်ပြီး ကြေမွနေပြီးသားဖြစ်သည့် ဆံပင်
များကိုပါ ဆွဲဖွလိုက်သည်။ သက်ပြင်းဘယ်နှ
ခေါက်ချမိသည်မသိ။ ရေဘယ်နှခွက်သောက်မိ
သည်မသိ။ တညလုံးမအိပ်ရသေးသည်ကိုလဲ
သတိမထားမိ။

ဘာလို့လဲ ? ဘာကြောင့် အဲ့ဘဲကြီးကို အဲ့နေရာမှာတင်အသေမသတ်ခဲ့မိတာလဲ ?

ပြောရင်းဆိုရင်း သွေးများပင် ဆူပွက်လာသလို
ခံစားရလျက် Sehun မွေ့ရာပေါ်သို့လက်သီး တချက်ထိုးချလိုက်ရသည်။

လက်ခံဖို့ခဲယဉ်းသည်။ သူက တခြားသူ တယောက် ၏အနမ်းအောက်မှာ မက်မက်စက်စက်
မျောပါသွားပါသည်ဆိုသည့်အချက်က
သိပ်ကိုလက်ခံဖို့ခဲယဉ်းလွန်းသည်။

"ငါကလေ...? ငါ ? ဒီ Oh Sehun က"

ပထမဆုံးအကြိမ် ကလပ်မှတွေ့ကာ မတော် မတရားအနမ်းခံလိုက်ရသည်တည်းက ထိုလူနဲ့
မပတ်သက်ပဲနေခဲ့သင့်သည်။

why we shouldn't Where stories live. Discover now