ထိုသို့Sehunမြေပြင်ပေါ်ခေါင်းပြန်လှဲချလိုက်သည့်အချိန်မှာ ပင် ပြိုလဲကျသံကြောင့် ကမန်း ကတန်းထကြည့်ရပြန်သည်။
Luhanသည်မြေပေါ်ခွေကျလျက်သားပုံစံဖြင့်သူ့ကိုဆီးကြိုနေပါသဖြင့်Sehunအလျင်စလိုပင်ထိုအနားသို့ထသွားလိုက်ရသည်။
မြေပေါ်မှနေဆွဲမထူလိုက်သည့်အခါSehunလက်တွေထဲပျော့ခွေစွာပါလာပါသည်။ ခန္တာတခုလုံးအေးစက်လို့ အားအင် မရှိ သည့်နှယ်ဖျော့တော့နေသည့် Luhan ကို သတိရလိုရငြားဖြင့် Sehun မှာ ပါးရိုက်လျက်နှိုးရပြန်သည်။
"ဟေ့ ဟေ့ ဟေ့လူ Luhan!"
တုံ့ပြန်မှု တစ်စုံတစ်ရာပင်မရှိပဲ Sehun ရင်ခွင် ထဲပိုတိုးဝင် လျက်သာငြိမ်သက်နေသည့် Luhan ကိုမျက်မှောင်ကျုံ့လျက်သာငုံ့ကြည့်လိုက်သည်။ထိုအခိုက်၌ ခြေသံများစွာကြားရပြီး သူတို့အနားသို့Choi Ho Dolနှင့်ကိုလေးဆိုသူ ရောက်လာ လေသည်။
"ကိုလေး အကို Luhan မေ့လဲသွားတာလား
လုပ်ပါဦး"Ho Dol က ဒူးထောက်ထိုင်ချပြီး Luhan ပါးတဖက်ကို ထိဖို့ ရာပြင်ပေမဲ့ ကိုလေးက ခဏချင်းပင် Ho Dol ကို ဆွဲထူမလို့ သူထိုင်ချပစ်လိုက်သည်။
ရုတ်တရတ်ပေမို့ Sehun ပင်လျှင် မသိလိုက်ပဲ Luhan ကို သူတို့နှင့်ဝေးရာဘက်ရွှေ့လိုက်မိပြီး ရင်ခွင်ထဲပင် ပိုထည့်မိသယောင်ဖြစ်သွားရသည်။
ကိုလေးက ဂရုမစိုက်ပဲပိုတိုးလာလျက် Luhan ကိုငုံ့ကြည့်သည်။ ပါးပြင် ကို တချက်နှစ်ချက်တို့ရိုက်ပြီး နှာခေါင်းထိပ်သို့ လက်ညှိုး ခံလျက် အသက်ရှူထုတ်လိုက်သည့် စည်းချက်ကျကျလေသံ တို့ကိုခံစားသိရှိမိပြီးနောက် Sehun နှင့် Ho Dol တို့ကို တယောက် တချက်စီလှည့်ကြည့်ပြီး
"အိပ်ပျော်သွားတာ"
"ဟမ်"
"အော် ... "
Sehun မှာ အိပ်ပျော်နေသည်ဆိုသောသူကိုပွေ့လျက်သားဖြင့် ကြောင်အသွားရသည်။Luhan သည်ကားအေးအေးဆေးဆေး ပင် ရင်ခွင်ထဲပိုပိုတိုးဝင်လျက် Sehun ခါးကိုပင် ဖက်ထားတော့
မယောင်နေနေသည်။ကိုလေးက ဒူးထောက်ထိုင် နေရာ မှ မတ်တပ်ထရပ်ပြီး Ho Dol ဘက်ကို လှည့်ကြည့် သည်။